ရခိုင်သို့ပြန်ရန်အခက်အခဲရှိနေသူများကို ရခိုင်သဟာယအသင်းက အခမဲ့ဆက်လက် ကူညီဆောင်ရွက်ပေးမည်

ရခိုင်သို့ပြန်ရန်အခက်အခဲရှိနေသူများကို ရခိုင်သဟာယအသင်းက အခမဲ့ဆက်လက် ကူညီဆောင်ရွက်ပေးမည်

ဇွဲဓန — ရန်ကုန်မှ ရခိုင်သို့ ပြန်ရန် အခက်အခဲဖြစ်နေကြသည့် ရခိုင်လူမျိုးများကို ရခိုင်သဟာယအသင်းက အခမဲ့ ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်သဟာယအသင်းက ဒု-ဥက္ကဋ္ဌ ဦးဦးမြင့်ကျော်က ပြောသည်။

“  ဆန္ဒပြ ဆူပူမှုတွေ များပြားလာတာကြောင့် စက်ရုံအလုပ်ရုံတွေ အများစုကို ပိတ်လိုက်တယ်။ အဲဒါကြောင့် အလုပ်သမားတွေက အလုပ်အကိုင်မရှိဖြစ်သွားတယ်။ ပြီးတော့ ဝင်ငွေမရှိ ဖြစ်သွားတယ်။ အဆောင်ဖိုးခ မပေးနိုင်ဖြစ်လာတယ်။ စားရေးသောက်ရေးတွေလည်း အခက်ခဲနဲ့ ကြုံလာရတယ်။ သူတို့မှာ လက်ရှိ လုပ်ထားတဲ့ လုပ်အားခ လစာတွေ တစ်ချို့တစ်ဝက်လောက်ပဲ ရရှိခဲ့တယ်။ ကျန်တစ်ဝက်က စက်ရုံပိုင်ရှင် အလုပ်ပိုင်တွေဆီမှာ ကျန်ခဲ့တာတွေရှိတယ်။ အပြည့်အဝ မရရှိခဲ့ဘူး။ တစ်ချို့ဆိုရင် လုံးဝ မရရှိခဲ့ပေ့ါ။ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်တွေကလည်း အများစု ပိတ်ထားတယ်။ ဝယ်ယူစားသောက်လို့ မရရှိတဲ့ အခြေနေကို ရောက်သွားတာပေါ့။ အဲဒါကြောင့် ကျနော်တို့ အသင်းက ရခိုင်ကို ပြန်ဖို့ အခက်ခဲရှိနေတဲ့ လူတွေကို ကူညီပေးနေတာပါ။ ” ဟု ပြောသည်။

 ၎င်းအသင်းက တစ်ရက်ကို Express ကားကြီး ၃ စီးနှုန်းဖြင့် ပြီးခဲ့သည့် မတ်လ ၂၁ နေ့ကပင် စတင်ပြီး ပို့ဆောင်နေသည်မှာ ယနေ့  ၂၃ ရက်နေ့ အထိ  လူပေါင်း ၅၀၀ ခန့်ကို ရခိုင်သို့ အခမဲ့ ကူညီပို့ဆောင်ပြီးပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။ နောက်ထပ် ရခိုင်သို့ပြန်ရန် အခက်ခဲရှိနေသော ရွှေ့ပြောင်း ရခိုင်အလုပ်သမားအား ဆက်လက်ဆောင်ရွက် ကူညီပို့ဆောင်သွားမည်ဟုလည်း ပြောဆိုသည်။

ရခိုင်သို့ ပြန်ရန် အခက်ခဲဖြစ်နေသူများအထဲတွင် အလုပ်လက်မဲ့ဖြစ်သွားသည့်လူများ၊ သက်ကြီးရွယ်အိုများ၊  ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ရောဂါဝေဒနာဖြစ်နေလူများ နှင့် ပြန်ရန်ငွေကြေးအခက်ခဲဖြစ်နေလူများအား ၎င်းတို့အသင်းက အဓိကထား ကူညီပို့ဆောင်ပေးနေသည်ဟု ၎င်းက ပြောသည်။

ရခိုင်သို့ ပြန်ကြသူ အများစု အလုပ်သမားများမှာ စစ်တွေ၊ ကျောက်တော်၊ ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ်၊ သံတွဲ၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်တို့မှ ဖြစ်ပြီး တစ်ခြားမြို့နယ်များမှလည်း အနည်းငယ်စီ ပါဝင်ကြောင်း  သိရသည်။

 ရန်ကုန်တွင် ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေရာမှ   ရခိုင်ပြည်နယ် နေရပ်အသီးသီးသို့ ပြန်လာကြသူ   ရခိုင်ရွှေ့ပြောင်းအလုပ်သမား ၂၀၀၀၀ ကျော်ခန့် ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...