အိမ်မဲ၊ ဝဲကြီးဝကျေးရွာသား ၂ ဦး ဖမ်းဆီးခံရ

အိမ်မဲ၊ ဝဲကြီးဝကျေးရွာသား ၂ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဝဲကြီးဝကျေးရွာသား ဦးစံကျော်နှင့် စောပေါလ် လှတို့နှစ်ဦးကို ယနေ့ (မတ် ၂၄ရက်) မွန်းလွဲပိုင်းတွင် ကျေးရွာရှိ နေအိမ်၌ တပ်မတော် သားများက လာရောက် ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

“ ဒီနေ့မွန်းလွဲပိုင်း ၂ နာရီကျော်လောက်မှာ ဝဲကြီးဝရွာထဲကို စစ်ကား ၂ စီးရောက်လာတယ်။ သေနတ် ခြောက်လှန့် ပစ်ခတ်သံတွေလည်းကြားရတယ်။ နောက်ပြီးတော့ ဦးစံကျော်နဲ့ စောပေါလ်လှတို့နှစ်ဦးကို သူတို့အိမ်တွေကနေ ဖမ်းသွားတယ်။ စစ်ကားတစီးကတော့ အိမ်မဲမြို့ဘက်ပြန်သွားတယ်။ ဝဲကြီးဝ ရွာမှာ တစ်စီး စောင့်ကျန်ရစ်ထားတယ်” ဟု ဒေသခံတဦးကပြောသည်။

 

အဆိုပါ ရွာသားနှစ်ဦးကို မည်သည့်အတွက်ကြောင့် ဖမ်းသွားသည်ကို မသိရသော်လည်း ၎င်းတို့သည် လယ်သမားများဖြစ်ပြီး ဖမ်းဆီးစဉ် ငါးမျှားရာတွင် အသုံးပြုသည့် ငါးမျှားချိတ်များ သိမ်းယူသွားသည်ဟု ကြားသိရသည့်အတွက် လက်လုပ်လက်နက်ပြုလုပ်နေသည့် ကျော်ဇော သတင်းကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

ဝဲကြီးဝကျေးရွာသည် အိမ်မဲ ရွာသစ်မှ ဝါးခယ်မမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်း ဘေးတွင်တည်ရှိပြီး ဝဲကြီးဝရွာအနီးရှိ ဘုရားကြီးကုန်းရွာတွင်လည်း လာရောက်ဖမ်းဆီးမှု များရှိသည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးကြောင်း သိရသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...