ပဋိပက္ခများကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းစေလိုကြောင်း ANP ပြော

ပဋိပက္ခများကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းစေလိုကြောင်း ANP ပြော

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းစေလိုကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက DMG သို့ပြောသည်။

“ဒီပဋိပက္ခတွေကိုလည်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းစေချင်တဲ့ ဆန္ဒရှိတယ်။ အဲဒါကြောင့် ပြည်သူတွေရဲ့ ဒုက္ခဖြစ်နေတဲ့ ကိစ္စတွေကို ပါတီအနေနဲ့ ဥပက္ခမပြုဘဲ ဒီကိစ္စအပေါ်မှာ စိုးရိမ်ပူပန်တယ်၊ စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ကိုယ့်ကြံမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့် ရရှိရေးအတွက် ရခိုင်အမျိုးသားအကျိုးစီးပွားကို အသိမှတ်ပြု တန်ဖိုးထားသော မည်သည့်အဖွဲ့အစည်းနှင့်မဆို ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် မည်သည့်အာဏာရှင်စနစ်မှ ရှင်သန်ခွင့်မရှိစေရေးအတွက် တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအတွက် လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ကြသည့် အပြစ်မဲ့ပြည်သူများအား အဓိကရုဏ်းနှိမ်နင်းရေးလုပ်ဆောင်ရာတွင် အသက်ဆုံးရှုံးရသည့် ပြည်သူများအတွက် များစွာဝမ်းနည်းရကြောင်း၊ ဤသို့ အသက်ဆုံးရှုံးရသည့် အနိဌာရုံများ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများအား အလေးအနက်ထားတိုက်တွန်းကြောင်း  မနေ့က မတ် ၂၂ ရက်နေ့က ကြေငြာချက်ထုတ် ပြန်ခဲ့သည်။

“ထုတ်ပြန်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ CDM လုပ်ရှားမှုနဲ့ နိုင်ငံတော်ကောင်စီရဲ့ တန်ပြန်နှိမ်နင်းမှုကြားမှာ ပြည်သူတွေ သေကြေပျက်စီးမှုတွေ၊ ထိခိုက်မှုတွေများလာတယ်။ အဲဒီလို သေဆုံးမှုတွေ၊ ထိခိုက်မှုတွေများလာတဲ့ အချိန်မှာ ပါတီအနေနဲ့ ပြောသင့်တယ်၊ နှုတ်ဆိတ်နေဖို့ မသင့်တဲ့အတွက် ထုတ်ပြန်ရတာ” ဦးဖေသန်းကဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၂ ရက်နေ့အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှိမ်နင်းမှုကြောင့် ဖမ်းဆီးခံရသူ  ၂၆၈၂ ဦး၊ သေဆုံးသူ ၂၆၁ ဦးထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP  က ထုတ်ပြန်ထားသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...