(၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ရခိုင်အမျိုးသားပါတီတက်ရောက်ရန်အစီစဉ်မရှိဟုဆို

(၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ရခိုင်အမျိုးသားပါတီတက်ရောက်ရန်အစီစဉ်မရှိဟုဆို

ချစ်အိလှိုင် - လာမည့် ၂ဝ၂၁ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၆) ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားကို ရခိုင်အမျိုးသားပါတီ (ANP) မှ ဖိတ်ကြားခြင်းခံရသော်လည်း တက်ရောက်ရန် အစီစဉ်မရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ကနေတဆင့်ဖိတ်တာပါ။  ဖိတ်ထားတာတော့ရှိတယ်။ တက်မယ်ဆိုရင်စာရင်းပေးလို့ပါတယ်။ ပါတီက လာတက်ပါမယ်ဆိုပြီး စာရင်းပေးထားတာ မရှိဘူး။ အရင်နှစ်တွေက ဖိတ်ကြားရင်တက်ဖြစ်ပါတယ် ”ဟု သူကပြောသည်။

ယခုနှစ်တွင် ၄င်းတို့ပါတီအနေဖြင့် တက်ရောက်ရန် အစီစဉ်မရှိသလို စာရင်းပေးထားခြင်းလည်း မရှိကြောင်း၊ အဓိက လက်ရှိနိုင်ငံရေးအခြေအနေနှင့် လမ်းခရီးအခြေအနေကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ALD)ကို မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်အထိ ဖိတ်ကြားလာခြင်း မရှိသေးကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးလှမြင့်က ပြောသည်။

“ ဒီနေ့ထိဖိတ်ကြားတာကိုလည်း မတွေ့သေးဘူး။ စာမရသေးဘူး။ ဖိတ်ကြားလာရင် CEC ထိပ်ပိုင်း ခေါင်းဆောင်တွေ အစည်းအဝေး ထိုင်ပြီးမှ ဆုံးဖြတ်ရမှာပေါ့” ဟုပြောသည်။

၄င်းအပြင် ရခိုင်ဦးဆောင်ပါတီ(AFP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကလည်း ၄င်းတို့ပါတီအား ဖိတ်ကြားထားခြင်းရှိမရှိကို သိရှိခြင်းမရှိသေးကြောင်းပြောကြားသည်။

၄င်းအခမ်းအနားကို နေပြည်တော်ရှိ တပ်မတော်နေ့စစ်ရေးပြကွင်းတွင် ကျင်းပသွားရန် အစီစဉ်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...