(၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ရခိုင်အမျိုးသားပါတီတက်ရောက်ရန်အစီစဉ်မရှိဟုဆို

(၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ရခိုင်အမျိုးသားပါတီတက်ရောက်ရန်အစီစဉ်မရှိဟုဆို

ချစ်အိလှိုင် - လာမည့် ၂ဝ၂၁ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၆) ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားကို ရခိုင်အမျိုးသားပါတီ (ANP) မှ ဖိတ်ကြားခြင်းခံရသော်လည်း တက်ရောက်ရန် အစီစဉ်မရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ကနေတဆင့်ဖိတ်တာပါ။  ဖိတ်ထားတာတော့ရှိတယ်။ တက်မယ်ဆိုရင်စာရင်းပေးလို့ပါတယ်။ ပါတီက လာတက်ပါမယ်ဆိုပြီး စာရင်းပေးထားတာ မရှိဘူး။ အရင်နှစ်တွေက ဖိတ်ကြားရင်တက်ဖြစ်ပါတယ် ”ဟု သူကပြောသည်။

ယခုနှစ်တွင် ၄င်းတို့ပါတီအနေဖြင့် တက်ရောက်ရန် အစီစဉ်မရှိသလို စာရင်းပေးထားခြင်းလည်း မရှိကြောင်း၊ အဓိက လက်ရှိနိုင်ငံရေးအခြေအနေနှင့် လမ်းခရီးအခြေအနေကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ALD)ကို မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်အထိ ဖိတ်ကြားလာခြင်း မရှိသေးကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးလှမြင့်က ပြောသည်။

“ ဒီနေ့ထိဖိတ်ကြားတာကိုလည်း မတွေ့သေးဘူး။ စာမရသေးဘူး။ ဖိတ်ကြားလာရင် CEC ထိပ်ပိုင်း ခေါင်းဆောင်တွေ အစည်းအဝေး ထိုင်ပြီးမှ ဆုံးဖြတ်ရမှာပေါ့” ဟုပြောသည်။

၄င်းအပြင် ရခိုင်ဦးဆောင်ပါတီ(AFP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကလည်း ၄င်းတို့ပါတီအား ဖိတ်ကြားထားခြင်းရှိမရှိကို သိရှိခြင်းမရှိသေးကြောင်းပြောကြားသည်။

၄င်းအခမ်းအနားကို နေပြည်တော်ရှိ တပ်မတော်နေ့စစ်ရေးပြကွင်းတွင် ကျင်းပသွားရန် အစီစဉ်ရှိကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...