ယခင်အစိုးရမှာ ကျန်ခဲ့သည့် ငွေကျပ် သိန်း ၇၀၀၀ ကျော်ကို စစ်ဘေးရှောင်များနေရပ်ပြန်ရေးအတွက် ထုတ်သုံးမည်

ယခင်အစိုးရမှာ ကျန်ခဲ့သည့် ငွေကျပ် သိန်း ၇၀၀၀ ကျော်ကို စစ်ဘေးရှောင်များနေရပ်ပြန်ရေးအတွက် ထုတ်သုံးမည်

ယခင် NLD အစိုးရ ဦးညီပုလက်ထက်တွင် ကျန်ခဲ့သည့် ငွေကျပ် သိန်း ၇၀၀၀ ကျော်ကို စစ်ဘေးရှောင်များ နေရပ်ပြန်ရေးတွင် ဦးစားပေးသုံးသွားမည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။

ယခင် အစိုးရလက်ထက်တွင် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုမှ လှူတန်းခဲ့သည့် ငွေကျပ် သိန်း ၈၀၀၀ ကျော်ရှိပြီး၊ ယင်းအထဲမှ အချို့ကို စစ်ဘေးရှောင်စခန်းများတွင် လူကြီး၊ လူငယ် တစ်နေ့ကို ၅၀၀ နှုန်းဖြင့် လှူတန်းပေးနေမှုများရှိသည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

“အရင်က တိုက်ပွဲရှောင်တွေအတွက် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုက လှူထားတာ ကျပ်သိန်း ၈၀၀၀ ကျော်လောက်ရှိတာပေါ့။ အဲဒီဟာတွေက နေပြီးတော့ တိုက်ပွဲရှောင်တွေကို နေ့စဉ် ကျနော်တို့ ငါးရာနှုန်းပေးတဲ့ စခန်းတွေရှိတယ်။ အဲဒီပေးတဲ့ဟာကို နှုတ်လိုက်ရင် ကျန်တဲ့ ပိုက်ဆံတွေရှိတယ်။ ၇၀၀၀ ကျော်လောက်ရှိမှာပေါ့” ဟု ပြောသည်။

ယင်းအထဲမှ ကျန်ခဲ့သည့် ငွေကျပ် သိန်း ၇၀၀၀ ကျော်ကို စစ်ဘေးရှောင်များ နေရပ်ပြန်ရေးတွင် အဓိက ဦးစားပေး သုံးသွားမှာဖြစ်ပြီး၊ စစ်ဘေးရှောင်များ နေရပ်ပြန်ပါက အိမ်နှင့်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပံ့ပိုးပေးသွားမည်ဟု ဗိုလ်မှူးကြီးမင်းသန်းကဆိုသည်။

“အဓိကတော့ တိုက်ပွဲရှောင်တွေ နေရပ်ပြန်ရေးမှာ ပိုပြီးဦးစားပေးသုံးမှာပေါ့။ နေရပ်ပြန်တဲ့အခါ အိမ်တွေ ဆောက်ပေးမယ်။ ငါးဖမ်းဖို့ ပိုက်တွေလိုရင် ပိုက်ဝယ်ပေးမယ်။ အိုးတွေ၊ ခွက်တွေ ဝယ်ပေးမယ် ဒါမျိုးတွေပေါ့။ တိုက်ပွဲရှောင်စခန်းတွေမှာတော့ သက်ဆိုင်ရာ ဘေးစီမံက လှူပေးနေတာတွေ ရှိတယ်လေ။ အဲဒါတွေ ရှိမှာပေါ့။ တိုက်ပွဲမှ မဖြစ်တော့တာ တိုက်ပွဲရှောင်စရာ မလိုတော့ဘူးလေ။ သူ့နေရာ သူပြန်၊ သူ့အလုပ် သူလုပ်ကြရမှာပေါ့” ဟု ပြောသည်။

ယင်းငွေကျပ် သိန်း ၇၀၀၀ ကျော်ကို မြန်မာ့စီးပွားရေးဘဏ်တွင် ရခိုင်အစိုးရအဖွဲ့နာမည်ဖြင့် အပ်နှံထားပြီး၊ စစ်ဘေးရှောင်များ မိမိနေရပ်သို့ပြန်မှသာ ထုတ်သုံးသွားမည်ဟုလည်း ဗိုလ်မှူးကြီးမင်းသန့်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်နေ ၆၆၀ ကျော် မီးလောင်ဆုံးရှုံးသွားသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဒုက္ခသည်များ နေရပ်သို့ပြန်ရန် တိုက်တွန်းပြောဆိုခဲ့သည်။ သို့သော်လည်း တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များမှာ မိမိနေရပ်တွင်လည်း နေအိမ်များ မီးလောင်ဆုံးရှုံးသွားသည့်အတွက် နေစရာမရှိ၍ နေရပ်သို့ပြန်ရန် အဆင်သင့်မဖြစ်သေးကြောင်း ဒုက္ခသည်စခန်းတာဝန်ခံ ဦးစိုးနိုင်က DMG သို့ ပြောဆိုထားသည်။

ယင်းအပြင် စစ်တွေ၊ ရသေ့တောင်နှင့် မြေပုံမြို့တို့တွင် ခိုလှုံနေကြသည့် ဒုက္ခသည်များမှာ နေရပ်သို့ ပြန်ချင်သော်လည်း တောတောင်များတွင် မိုင်းရှိခြင်းနှင့် ကျေးရွာအနီး တပ်မတော်မှ တပ်စွဲထားသောကြောင့် နေရပ်မပြန်ချင်သေးဟု ဒုက္ခသည်များက DMG သို့ ပြောဆိုထားကြသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အစောပိုင်းက စတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် မိမိနေရပ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်းကျော်အထိ ရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုများမရှိသဖြင့် ယင်းအထဲမှ စစ်ဘေးရှောင်အချို့မှာ မိမိနေရပ်သို့ ပြန်သွားကြသူများရှိပြီး၊ ဒုက္ခသည်အများစုမှာ တပ်မတော်မှ ကျေးရွာအနီး တပ်စွဲနေမှုများနှင့် တောတောင်များ၌ မိုင်းရှိခြင်းကြောင့် နေရပ်သို့ မပြန်လိုကြပေ။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...