စစ်တပ်အာဏာရယူမှုကို ဆန္ဒပြ၍ ဖမ်းဆီးခံရသူများအား ပြန်လွှတ်ပေးရန် ရခိုင်အရပ်ဖက်အဖွဲ့များတောင်းဆို

စစ်တပ်အာဏာရယူမှုကို ဆန္ဒပြ၍ ဖမ်းဆီးခံရသူများအား ပြန်လွှတ်ပေးရန် ရခိုင်အရပ်ဖက်အဖွဲ့များတောင်းဆို

စစ်တပ်အာဏာရယူမှုကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးထိန်းသိမ်းခံရသူများအား ချက်ချင်းပြန်လွှတ်ပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၇၇ ခုမှ မနေ့က မတ်လ ၂၁ ရက်နေ့တွင် သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ တပ်မတော်မှ အာဏာရယူပြီး နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ အာဏာရယူမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်သော အရပ်သားပြည်သူများကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး အင်အားအလွန်အကျွံသုံး ဖြိုခွင်းလျက်ရှိနေသည်။

မတ်လ ၂၁ ရက်နေ့အထိ အရပ်သားပြည်သူသေဆုံးသူ ဦးရေး ၂၄၇ ဦး၊ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူဦးရေ ၂၃၄၅ ဦးအထိ ရှိလာသည်ဟု AAPP အဖွဲ့မှ ထုတ်ပြန်ထားသည်။

“ အဓိက ဒီ Statement ထုတ်ပြန်ချက်ပါဝင်ရတဲ့ အကြောင်းရင်းကတော့ အာဏာသိမ်းပြီးတော့ နောက်ပိုင်း အခု လက်တလောနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ နေရာတွေမှာ သေဆုံးများလာတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ဖက်ဒရယ်ဒီမိုကရေစီကို အမှန်လိုလားတယ်ဆိုရင် ဘယ်အစိုးရတက်တက်  မဟုတ်ရင်မဟုတ်တဲ့အကြောင်းကို ကျွန်မတို့က ကန့်ကွက်ရမှာပဲ။ ဆန္ဒပြတဲ့သူတွေကိုလည်း ဖမ်းတာတွေ လွန်ကျူးလာတာတွေကို မြင်တွေ့ရတယ်။ ဒီဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်စေချင်တယ်။ ” ဟု ရခိုင်အမျိုးသမီးများကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးက DMG သို့ ပြောသည်။

ထိုအပြင် လက်နက်မဲ့ပြည်သူများအပေါ် အင်အားအလွန်အကျွံသုံး နှိမ်နင်းဖြိုခွင်းသည့်လုပ်ရပ်များကို လုံးဝအဆုံးသတ်ပေးရန် တောင်းဆိုထားသည်။

ရခိုင်လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြတ်ထွန်းက “ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မဲ့ပြည်သူတွေကို အာဏာသိမ်းအစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ပစ်တယ်၊ ရော်ဘာကျည်ဆန်တွေ ပစ်တယ်၊ နောက်ပြီးတော့ ကျည်အစစ်တွေပစ်တယ် အတွက်ကြောင့် သေဆုံးမှုတွေရှိတယ်။ အဲဒါက အကြမ်းဖက်တာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ရခိုင်လူ့အခွင့်ရေးအဖွဲ့နေပြီးတော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်” ဟု ပြောသည်။

ထို့အပြင် ပြည်သူများလိုလားသော ကိုယ်ပိုင်ပြဠာန်းအုပ်ချုပ်ခွင့်ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အသိအမှတ်ပြုလက်ခံပြီး အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ပေးရန် ထိုထုတ်ပြန်ချက်တွင် တောင်းဆိုထား သည်။

၎င်းနည်းအတူ တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းကာ အကျိုးအမြတ်ရှာဖွယ်နေသော ဖောက်ပြန်ရေးသမား အပေါင်းတို့သည်လည်း အလွန်တရာမှ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသော သတ္တဝါများဖြစ်ကြောင်း ရက္ခိုင့်ကျောင်သားသမဂ္ဂအဖွဲ့ ၁၁ ဖွဲ့မှ မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...