စစ်တွေဆေးရုံတွင် လူနာများ ဆေးကုသရန် အခက်အခဲရှိပါက တပ်ဆေးရုံတွင် အခမဲ့ကုပေးမည်ဟုဆို

စစ်တွေဆေးရုံတွင် လူနာများ ဆေးကုသရန် အခက်အခဲရှိပါက တပ်ဆေးရုံတွင် အခမဲ့ကုပေးမည်ဟုဆို

စစ်တွေပြည်သူ့ဆေးရုံးကြီးတွင် ဆရာဝန်အချို့ ခွင့်ယူ၍ ဇာတိသို့ ပြန်သွားကြသည့်အတွက် လူနာများမှာ ဆေးကုသရန် ပြီးခဲ့သည့် ၁၅ ရက်ခန့်ကစ၍ အခက်အခဲဖြစ်နေကြသည်ဟု လူနာများက DMG သို့ ပြောဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ၎င်းတို့ တပ်မတော်ဆေးရုံများတွင် အခမဲ့ဆေးကုသနိုင်ကြောင်း ပြောသည်။

“သူတို့မှာ တကယ်လို့ အရေးပေါ် မဖြစ်မနေ အလွှဲအပြောင်းလုပ်ဖို့လိုတဲ့ လူနာတွေရှိခဲ့ရင်လည်း ကျနော်တို့တပ်က ကုသပေးလို့ရတယ်။ ကျနော်တို့မှာ စစ်တွေမှာ ဆေးရုံကြီး နှစ်ခုရှိတယ်။ အခမဲ့ ကုပေးမှာပေါ့” ဟု ပြောသည်။

တပ်ဆေးရုံများမှာ စစ်တွေမြို့အဝင်တွင် ရှိကြောင်းသိရသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသရမည့်လူနာများကို ပြင်ပပုဂ္ဂလိက ဆေးရုံများသို့ ပြောင်းရွှေ့ ကုသနေရကြောင်း လူနာတစ်ဦးက ပြောသည်။

“ကျနော်တို့နဲ့ တူတူနေတဲ့ အခန်းက လူနာတစ်ယောက်ဆိုရင် ခါးရိုးမှာ ကျောက်လုံးကျတဲ့အတွက် ခါးရိုးကျိုးသွားတယ်။ အဲဒါကို ဆေးရုံမှာ တစ်ရက်၊ နှစ်ရက်နေပြီး ဓါတ်မှန်ရိုက်တော့ ခွဲစိတ်ရမယ်ဆိုလို့ ပြင်ပဆေးရုံကို ပြောင်းသွားရတယ်။ လူနာတွေလည်း သိပ်မရှိတော့ဘူး” ဟု ပြောသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဖျားနာဆောင်နှင့် သားဖွားဆောင်များ၌သာ လူနာများရှိပြီး ခွဲစိတ်ကုသရမည့် အရိုးဆောင်များတွင် လူနာများ မရှိသလောက်ဖြစ်သွားကြောင်း လူနာများက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဆေးရုံသို့ လိုအပ်မှသာ ပြောင်းရွှေ့ကုသပေးသွားမည်ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။

“ဆေးရုံပုံမှန်တော့ လည်ပတ်နေပါတယ်။ ဆရာဝန်တွေတော့ အနည်းနဲ့အများ ရောက်တာရှိသလို မရောက်တာတွေလည်း အတိအကျတော့ ဆရာလည်း မပြောနိုင်ဘူး။ အခုလောလောဆယ်တော့ လုံးဝ မရှိသေးပါဘူး။ လုံးဝမရှိဘူးဆိုတာက ဒီမှာ ဆရာဝန်တွေလည်း အများကြီးရှိတာပေါ့နော်။ လိုအပ်လို့ရှိရင်တော့ လွှဲပြောင်းမှာပေါ့။ လောလောဆယ် လွှဲပြောင်းဖို့အတွက် မလိုအပ်သေးတော့ ဒီမှာပဲ ဆက်ကုလို့ အဆင်ပြေနေတယ်” ဟု ပြောသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...