ကချင် နယ်စပ် တိုက်ပွဲများ ဖြစ်လာ၍ လိုင်ဇာ စစ်ရှောင်များ ကတုတ်ကျင်းတူး

ကချင် နယ်စပ် တိုက်ပွဲများ ဖြစ်လာ၍ လိုင်ဇာ စစ်ရှောင်များ ကတုတ်ကျင်းတူး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့က ဝေကြိုင်စစ်ရှောင်မှ စစ်ရှောင်များ ကတုတ်ကျင်းများ တူးနေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အ ကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာနေသည့်အတွက် အရေးပေါ် ပုန်းခိုနိုင်ရေး ယခုကဲ့သို့ ကတုတ်ကျင်းများ တူးနေရခြင်း ဖြစ်သည်ဟု လိုင်ဇာဒေသခံများက အတည်ပြုပြောသည်။

“ဝေကြိုင်စစ်ရှောင်စခန်းက စစ်ရှောင်တွေ ကတုတ်ကျင်းတူနေကြတာပါ။ သူတို့အစီအစဉ်နဲ့ သူတို့တူးတာပါ။ အထက်ကပြောလို့ တူးတာတော့ မဟုတ်ဘူး။ ဒီရက်ပိုင်း ဆဒုံးတို့ဘက်မှာလည်း တိုက်ပွဲတွေဖြစ်လာတော့ စိုးရိမ် လို့ အရေးပေါ် တစ်ခုခုဆို ပုန်းနိုင်အောင် တူးထားကြတာပါ။ တိုက်ပွဲတွေကလည်း ပြင်းထန်လာနိုင်တယ် လေ နော်။ အဲ့ဒါစိုးရိမ်ပြီး တူးကြတဲ့သဘောပါ” ဟု လိုင်ဇာဒေသခံတစ်ဦး က ပြောသည်။

ထို့အပြင် လိုင်ဇာမြို့အတွင်းရှိ ရပ်ကွက်အလိုက် လူဦးရေစာရင်းများကိုလည်း သက်ဆိုင်ရာက စစ်ဆေးမှုများ ပြု လုပ်လျှက်ရှိသည်ဟု အဆိုပါ လိုင်ဇာဒေသခံက ဆက်ပြောသည်။

“လူစစ်တယ်၊ ဘယ်အိမ်မှာ လူဘယ်နှစ်ယောက်နေလဲ၊ ဘယ်သူတွေရှိလဲပေါ့၊ ဘာမှမလုပ်ဘူး။ လူဦးရေစာရင်း စစ်တဲ့ သဘောမျိုးပဲ။ လိုင်ဇာမှာက အခု အေးအေးဆေးဆေးပါပဲ။ စစ်ရှောင်တွေကတော့ စိုးရိမ်တာပေါ့နော်။ အခြေအနေကတော့ ဘာမှ တိတိကျကျတော့ ပြောလို့မရဘူး။ ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိ ဘူးလေနော်။ ဒီမှာ လူဦးရေစာရင်းစစ်တယ်ဆိုတာက တိုက်ပွဲတွေ ဖြစ်လာတော့ ဒီအတိုင်းစစ်တဲ့သဘောပါပဲ။ မနေ့ကဆိုရင်လည်း ဆဒုံးဘက်မှာ တိုက်ပွဲတွေဖြစ်တယ်နော်။ အခုဆိုရင် နယ်စပ်တွေမှာ တိုက်ပွဲတွေက စဖြစ် လာပြီ” ဟု ဆက်ပြောသည်။

ကချင်ပြည်နယ်၊ ဆဒုံးဒေသအတွင်း ယမန်နေ့ညက ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ် ကောင်စီ စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လအတွင်း ကချင်လွပ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့ အကြား အင်ဂျန်းယန်မြို့နယ်၊ မိုးညှင်းမြို့နယ်အတွင်း၊ ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့နယ်၊ တနိုင်း-လီဒိုလမ်းမပေါ် နှင့် ဆဒုံးမြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိပြီး၊ နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အင်ဂျန်းယန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်လည်း စစ်ရှောင် ၂၀၀ ကျော် မြစ်ကြီးနား ပလနနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ စစ်ဘေးတိန်းရှောင်လာသည်များလည်း ရှိသည်။

ယခု ကတုတ်ကျင်းများ တူးနေသည့် လိုင်ဇာမြို့အတွင်း ဝေကြိုင်စစ်ရှောင်စခန်းအနီး နေရာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လ တုန်းကလည်း မြန်မာစစ်တပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲမှုများ ဖြစ်ပေါ်ခဲ့ သည်။

ထိုအချိန်က မြန်မာစစ်တပ်၏ လက်နက်ကြီးကျည်ကြောင့် စစ်ဘေးရှောင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်များ ရှိခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...