စစ်အုပ်ချုပ်ရေးကြေညာခြင်းနှင့် အင်တာနက်ဖြတ်တောက်ခြင်းကို မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် ကန့်ကွက်ရှုတ်ချ

စစ်အုပ်ချုပ်ရေးကြေညာခြင်းနှင့် အင်တာနက်ဖြတ်တောက်ခြင်းကို မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် ကန့်ကွက်ရှုတ်ချ
ဓါတ်ပုံ - NDTV
ဓါတ်ပုံ - NDTV

လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ဆက်လက်ပြီး နှိမ်နင်းခြင်း၊ ရန်ကုန်မြို့နယ်တချို့တွင် စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခြင်းနှင့် မြန်မာတစ်နိုင်ငံလုံး အင်တာနက်ဖြတ်တောက်ထားခြင်းတို့ကို ပြင်းထန်းစွာ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ ယခု မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော် အာဏာရယူချိန်မှစ၍ အနည်းဆုံးလူပေါင်း ၇၄ ဦးသေဆုံးကာ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့သည့် ညနေပိုင်းတွင် စစ်အုပ်စုမှ ထိန်းချုပ်ထားသော မီဒီယာများတွင် ရန်ကုန်ရှိမြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးဥပဒေကြေညာခဲ့သည်။

“စစ်အာဏာသိမ်းတဲ့ အချိန်ကစပြီးတော့ အကြမ်းဖက်ဖြိုခွဲမှုတွေက ဆက်တိုက်ဖြစ်လာနေတယ်ပေါ့နော်၊ ဒီကြားထဲမှာ ပိုပြီးတော့ ဆိုးသွားတာက စစ်ဥပဒေကြေညာလိုက်တဲ့ဟာက လက်ရှိဆိုးနေတဲ့ အနေထားမှာမှ ပိုပြီးတော့ ဆိုးဝါးတဲ့အနေထားကို ဖြစ်စေတယ်။ အဲဒါကြောင့် ထုတ်ပြန်ရတာပါ” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် မသွယ်ဇင်းတိုးက DMG သို့ ပြောသည်။

ထိုအပြင် မတ်လ ၁၆ ရက်နေ့က မြန်မာတစ်နိုင်ငံလုံးတွင် မိုဘိုင်းဒေတာများကိုပိတ်ခဲ့ပြီး တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီများကို Wifi ဆက်သွယ်မှုများအပါဝင် အင်တာနက်ဆက်သွယ်မှုများအားလုံးကို ရပ်ဆိုင်းထားရန် မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်ထပ်မံထုတ်ပြန်ခဲ့သည်။

“အင်တာနက်ဖြတ်တောက်ထားတာက နိုင်ငံထဲမှာဖြစ်နေတဲ့အရာတွေကို နိုင်ငံတကာကသိဖို့အတွက် အခက်ခဲ ဖြစ်သွားတယ်။ ဆိုတော့ သတင်းအမှောင်ကျနေတဲ့ အနေထားမျိုးမှာ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ကျမတို့ အရမ်းစိုးရိမ်တယ်။ စိုးရိမ်တဲ့အတွက် ဒါတွေကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒီလိုမျိုးအခြေနေတွေကို ကျော်လွှားနိုင်အောင်လို့ ပြည်သူတွေဖက်က ရပ်တည်ပေးတဲ့အနေနဲ့ ဒီ Statement ကို ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု မသွယ်ဇင်းတိုးက ဆက်ပြောသည်။

ဆန္ဒပြသူများနှင့် ထောက်ခံပံ့ပိုးသူများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ နောက်ထပ် သွေးထွက်သံယိုမှုနှင့် အသက်သေဆုံးမှုများကို ကာကွယ်တားဆီးပေးရန် စစ်အုပ်စုအပေါ် အားကောင်းပြီး ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်းလုပ်ဆောင်ရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...