လုံခြုံရေး တပ်ဖွဲ့များ လုပ်ရပ်ကို သူရဲဘောကြောင်သည့် လုပ်ရပ်အဖြစ် သံရုံးများ ထုတ်ပြန်

လုံခြုံရေး တပ်ဖွဲ့များ လုပ်ရပ်ကို သူရဲဘောကြောင်သည့် လုပ်ရပ်အဖြစ် သံရုံးများ ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက လက်နက်မဲ့ ပြည်သူများအပေါ် ရက်စက်စွာ အကြမ်ဖက်ခြင်း သည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နှင့် မလျော်ညီကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ပြောဆိုလိုက်သည်။

 

မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်ထဲတွင် “မြန်မာနိုင်ငံအတွင်း လှိုင်သာယာမြို့နယ်နှင့် အခြားသောဒေသများတွင် လက်နက်မဲ့ အရပ် သားများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏဆိုသလို အမှောင်ထုကို အခွင့်ကောင်းယူ၍ ရက်စက် စွာအကြမ်းဖက်ခြင်းသည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နှင့်မလျော်ညီသည့်အပြင် ကာကွယ်ရန်အလွန် ခက်ခဲပါသည်” ဟု ထုတ်ပြန်ထားသည်။

 

မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံးရပ်တန့်ရန်၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးရန်၊ စစ်အုပ်ချုပ်ရေးအမိန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထား သည်ကို ရုတ်သိမ်းပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ထားမှုများပယ်ဖျက်‌ပေးရန်နှင့် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်လည်ပေးအပ်ရန် မြန်မာစစ်တပ်ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။

 

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ နေရာဒေသအသီးသီးက ဆန္ဒထုတ်ဖော်မှုများ ကို အကြမ်းဖက်ဖြိုခွင်း နှိမ်နှင်းနေသော်လည်း ပြည်သူများက ရသည့်နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်ကျ ရှုံးရေး ဆက်လက်ဆန္ဒထုတ်ဖော်နေကြရာ နေ့စဉ် သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများ ရှိနေသည်။

 

မွန်ပြည်နယ် ပေါင်မြို့တွင် ယမန်နေ့ ညက ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူရှိခဲ့သည်ဟု ဒေ သခံ တစ်ဦး က “မနေ့ည ၁၁ နာရီနောက်ပိုင်းမှာဖြစ်တာပါ။ ပေါင်မြို့ ရဲစခန်းနားမှာ ဆိုင်ကယ်နဲ့ လာတဲ့ လူ နှစ်ယောက်ကို ရဲကပစ်လိုက်တာပါ။ တစ်ယောက်သေတယ်။ ပွဲချင်းပြီး တစ်ယောက်သေတယ်။ တစ် ယောက်က ဒဏ်ရာ ရတယ်။ မော်လမြိုင်က စစ်ဆေးရုံကို ပို့ထားတယ်လို့ ပြောတယ်။ ကျနော်တို့ကတော့ လော လောဆယ် အဲ့ဒါပဲ သိသေးတယ်” ဟု ပြောသည်။

 

ထို့အပြင် ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း ဆန္ဒပြပြည်သူများကို ဖြိုခွင်းရာ ကျည်အစစ်များ သုံးပြီး ပစ်ခတ်ခဲ့သည့်အတွက် မတ်လ ၁၉ ရက်နေ့တွင် တစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။



လွိုင်ကော် ဒေသခံတစ်ဦး က “မနေ့က စပြီး ကျည်အစစ်သုံးတယ်လို့ ပြောလို့ရတာပေါ့။ တစ်ယောက်သေ တယ်နော်။ တစ်ယောက်က ဒဏ်ရာရတယ်။ အခု ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆေးရုံမှာပဲ” ဟု ပြော သည်။



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မတ်လ ၁၉ ရက်နေ့အထိ ထုတ်ပြန် ထားသည့်စာရင်းအရမြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း သေဆုံးသူ လူဦးရေ စုစုပေါင်း (၂၃၅) ဦး ရှိခဲ့ပြီဖြစ်သည်။



အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက် လုပ်ရပ် များကို အမြန်ဆုံးရပ်တန့်ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံရုံးများ က ဆက်တိုက် တောင်း ဆိုထားကြသည်။

 

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ သတင်းအချက်အလက် လွတ်လပ်စွာ ရယူခွင့်တို့သည် နိုင်ငံသားများ၏ အခွင့် အရေးဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာ ကို နှိပ်ကွပ်ထားခြင်းတို့ကို လုပ်ဆောင်ထားသော်လည်းစစ်တပ်၏စက်ဆုပ်ဖွယ်ရာလုပ်ရပ်တို့ကို ဖုံးကွယ်ထား နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ သံရုံး များဖြစ်ကြသည့် ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီ ဒင်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက မတ်လ ၁၉ ရက်နေ့က ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...