ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် မယွန်းသင်္ဂီနိုင် အင်းစိန်ထောင်တွင်ရှိ/မရှိ မိသားစုဝင်များနှင့်ဒေါ်ခင်စောဝေသွားရောက်စုံစမ်း

ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် မယွန်းသင်္ဂီနိုင် အင်းစိန်ထောင်တွင်ရှိ/မရှိ မိသားစုဝင်များနှင့်ဒေါ်ခင်စောဝေသွားရောက်စုံစမ်း

ဇွဲဓန — ဆန္ဒပြသူများနှင့် မှားယွင်း ဖမ်းဆီးခေါ်ဆောင် ခံထားရသည့် မယွန်းသင်္ဂီနိုင် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထား၍ ရှိ/မရှိကို  ယနေ့ နေ့လယ် ၁၂ နာရီခန့်က မိသားစုများနှင့် အတူ ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စောခင်ဝေတို့ သွားရောက် စုံစမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်ခင်စောဝေက “  ဖမ်းဆီးခံထားရတဲ့ မိန်းကလေးရဲ့ မိသားစုဝင်တွေနဲ့အတူ ဒီနေ့ အင်းစိန်ထောင်ကို သွားတယ်။  အဲဒီထဲမှာ ဖမ်းဆီးခံထားရတဲ့ လူတွေက အများကြီးရှိတယ်လို့ ထောင်လုံခြုံရေး ရဲဝန်ထမ်းတွေက ပြောတယ်။  ဘယ်သူတွေရှိတယ် မရှိဘူးဆိုတာကို သူတို့ကလည်း သေချာမသိ သေးဘူးလို့ပြောတယ်။ ဖမ်းဆီးထားတဲ့ လူတွေကို စစ်ဆေးခြင်း မရှိသေးဘူးလို့ ပြောတယ်” ဟု ပြောသည်။

သူမအင်းစိန်ထောင်တွင် ရှိပါက ဆက်သွယ်လို့ ရနိုင်အောင် ဖုန်းနံပါတ်ကို ပေးထားခဲ့ကြောင်း ပြောကြားသည်။

 “ လုံခြုံရေး ရဲဝန်ထမ်းတွေ ပြောတာက စားသောက်ဖွယ်ရာ ပစ္စည်းတွေကို ထားခဲ့လို့ ရတယ်ဆိုပြီး ပြောတယ်။ ဆက်သွယ်ဖို့အတွက် မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်ကို ပေးထားခဲ့ရတယ်။ သူမအတွက် စားဖွယ်သောက်ရာ ပစ္စည်းတွေ ပထမတစ်ကြိမ် ပို့ပြီးပြီလို့  မိသားစုဝင်တွေက ကျမကို ပြောတယ်။ အဲဒါကြောင့် သူက အင်းစိန်ထောင်မှာရှိနေတယ်လို့ သိရတာပေါ့။ သူနဲ့ တွေ့ခွင့်တော့ မရခဲ့ဘူး” ဟု ပြောသည်။

အင်းစိန်ထောင်တွင် ဆန္ဒပြသူများနှင့် မှားယွင်း ဖမ်းဆီးခံထားရသည့်  မယွန်းသင်္ဂီနိုင် အပါအဝင်  ယခု မတ်လအတွင်း ဆန္ဒပြ ဖမ်းဆီးခံထားရသူတစ်ချို့အား စစ်ဆေးခြင်း မရှိသေးကြောင်း ၎င်းတို့အား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုညီညီဇော်က ပြောသည်။

 “ ကျနော်တို့ မိသားစုဝင်တွေနဲ့ ဒီနေ့ သွားခဲ့တယ်။ အဲဒီမှာ တာဝန်ရှိတဲ့ သူတွေကို မေးကြည့်တယ်။ သူတို့ပြောတာက ဖေဖော်ဝါရီလက ဖမ်းဆီးထားတဲ့ လူတွေကို ဒီမတ်လ ၂ ရက်နေ့မှာ သူတို့ကို အမှုတပ်ပြီး ထောင်တာဝန်ရှိသူထံကို လွဲှပြောင်း ပေးလိုက်ပြီလို့ပြောတယ်။ ဒုတိယအကြိမ်အနေနဲ့ ဒီလ ၃ ရက်နေ့ကပင် အခုအချိန်ထိ ဖမ်းဆီးခံထားရတဲ့ လူတွေကို ထောင်တာဝန်ရှိသူထံကို မအပ်ရသေးဘူးလို့ ရဲဝန်ထမ်းတွေက ပြောတယ်။ အဲဒီလူတွေကို အမှုမတပ်ရသေးဘူးလို့ ပြောတယ်။ သူတို့ပြောတာက လွတ်နိုင်ခြေရှိတယ်လို့ ပြောတယ်။ သူတို့ကို စစ်ဆေး မေးမြန်းတာတွေ တစ်ခုမှ မရှိသေးဘူးလို့ပြောတယ်။ သူတို့ကို တွေ့ခွင့်တော့ မရဘူး။ စားသောက်ဖွယ်ရာ ပစ္စည်းတွေတော့ လာပို့လို့ရတယ်။  အင်းစိန်ထောင်ထဲမှာတော့  ရှိနေတာ သေချာနေပြီ။ တစ်ယောက်ယောက်က သူ့အတွက် အာမခံပေးနိုင်ရင် လွတ်နိုင်တယ်” ဟု ပြောသည်။

သူမနှင့်အတူနေထိုင်သူ မစန်းစန်းသွယ်က “ ဒီနေ့ ကျမတို့ အင်းစိန်ထောင်ကို သွားကြည့်တယ်။ ဆရာမ ဒေါ်ခင်စောဝေလည်း ပါတယ်။ ပြီးတော့ ကျမတို့ကို ကူညီပေးနေတဲ့ အစ်ကို တစ်ယောက်ပါတယ်။ မယွန်းသင်္ဂီနိုင်ကတော့ အင်းစိန်ထောင်မှာရှိနေတာ မှန်တယ်။ တာဝန်ရှိတဲ့ ရဲဝန်ထမ်းတွေ ပြောလိုက်တာက ဒီလအတွင်းမှာ ဖမ်းထားတဲ့ လူဦးရေ စာရင်းကို လက်ခံ မရရှိသေးဘူးလို့ပြောတယ်။ ဖမ်းဆီးထားတဲ့ လူတွေကိုလည်း မစစ်ဆေးရသေးလို့ ပြောတယ်။ ကျမရဲ့ သူငယ်ချင်းကို လွှတ်ပေးစေချင်တယ်။ သူက ဆန္ဒပြတာလည်း မဟုတ်ဘူး။ သူ့မှာ ဘာမှ အပြစ်ရှိတာမဟုတ်ဘူး။” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ ဇာတိဖြစ်သော မယွန်းသင်္ဂ ီနိုင် (၁၉) နှစ် သည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ၊ ရန်ကြီးအောင်လမ်း၊ ည/၁၁ ရပ်ကွက်၊ အိမ်အမှတ် (၈၆၆)၊ ဇလပ်ဝါအပ်ချုပ်ဆိုင်တွင် စက်ချုပ်နေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆန္ဒပြသူများနှင့် မှားယွင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...