မီးဘေးသင့် တိမ်ညိုစစ်ဘေးရှောင်များအတွက် စစ်တွေတွင် အလှူငွေကောက်ခံ

မီးဘေးသင့် တိမ်ညိုစစ်ဘေးရှောင်များအတွက် စစ်တွေတွင် အလှူငွေကောက်ခံ

သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့် စစ်ဘေးရှောင်များ အတွက် ရခိုင်လူငယ်မောင်မယ်များဖြင့် ဖွဲ့စည်းထားသည့် မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း သွီးလှူရှင် အသင်းက စစ်တွေတွင် အလှူငွေကောက်ခံနေကြောင်း သိရသည်။

မီးဘေးသင့်ခံစားနေရသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ  စစ်ဘေးရှောင်များအတွက် အရေးပေါ် လိုအပ်နေသည့်  အခက်အခဲများကို ကူညီကယ်ဆယ်နိုင်ရန်အတွက် ယနေ့ နံနက် ၁၁ နာရီခန့်က စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့တွင် ကောက်ခံခဲ့ခြင်းဖြစ်သည်။

မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း သွီးအလှူရှင်အသင်းမှ ဥက္ကဋ္ဌ ကိုလင်းလင်းက “ မီးဘေးသင့်တဲ့ လူတွေလည်း ခိုကိုးမဲ့ဖြစ်နေတဲ့အတွက် အရေးအပေါ်အခြေအနေမှာ လိုအပ်နေတဲ့ အခက်အခဲတွေကို တစ်ဖက်တစ်လမ်းက ကူညီတဲ့ သဘောနဲ့ လုပ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

မီးဘေးသင့် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံရာ၌ ငွေသားတစ်ခုတည်းမဟုတ်ဘဲ အခြားအရေးပေါ်လိုအပ်သည့် အသုံးဆောင်များကိုလည်း လက်ခံနေပြီး နောက်တစ်နေ့များတွင် မြို့ပတ်၍ အလှူငွေကောက်ခံသွားမည်ဟုဆိုသည်။

ကောက်ခံရရှိသည့် အလှူငွေများနှင့် အသုံးအဆောင်ပစ္စည်းများကို မတ်လ ၂ဝ ရက်နေ့တွင် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ သွားရောက်ထောက်ပံ့ကြမည်ဟုလည်း သိရသည်။

အလှူငွေကောက်ခံရာတွင်ပါဝင်သည့် AKYAB STARS Arts & Talents Centre ၏ မော်ဒယ်တစ်ဦး ဖြစ်သည့် မစောမြတ်အိခိုင်က စစ်ဘေးနှင့် ကပ်ဘေးကြောင့် ဒုက္ခမျိုးစုံကို ခံစားနေရသည့်အချိန်တွင် ယခုလိုမျိုး မီးဘေးကြောင့် ထပ်ပြီး ဒုက္ခရောက်ခဲ့ကြသည်ကို ဝမ်းနည်းမိသည့်အတွက် တစ်ထောင့် တစ်နေရမှ ဝိုင်းဝန်းကူညီပေးခြင်းဖြစ်သည်ဟု  နိရဉ္စရာကို ပြောသည်။

“မီးလောင်သွားတဲ့ သူတွေကို ကူညီနိုင်အောင်လို့  အခုလိုမျိုး ကျွန်မတို့ လမ်းဘေးမှာ အလှူခံဖလား ကိုင်ပြီး အလှူငွေကောက်ခံနေတာပါ။ စီးပွားရေးအဆင်မပြေတဲ့အချိန် တတ်နိုင်သလောက် အလှူငွေ ထည့်ပေးတဲ့ မိဘပြည်သူတွေကို အရမ်းကျေးဇူးတင်တယ်” ဟု ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းသည် မတ်လ ၁၇ ရက်နေ့ ည ၈ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်အလုံးပေါင်း  ၇၀၀ ခန့် ဆုံးရှုံးသွားပြီး လူပေါင်း ၂၇၀၀ ကျော် မီးဘေးသင့်ခဲ့ရသည်။

ထွန်းထားသည့်ဖယောင်းတိုင် လဲကျရာမှတဆင့် ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မီးလာင်မှူကြောင့် မမိုးနှင်းစိုး အသက် (၂) နှစ်နှင့် မသိန်းမေ (၂၃) နှစ်တို့ နှစ်ယောက် မစိုးရမ်ရ ဒဏ်ရာ အနည်းငယ်ခန့် ရရှိသွားကြောင်းလည်း သိရှိရသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ပေါက်ပင်ကွင်း၊ လက္ကာ၊ အောက်သကန်၊ ဘူးရွက်မညှိး စသည့် ကျေးရွာတို့မှ စစ်ဘေးသင့် ဒုက္ခသည်များနေထိုင်ကြပြီး, လူဦးရေ (၃၃၅၅) ဦးရှိကြောင်း သိရှိရသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...