စစ်ဘေးရှောင်စခန်းများတွင် မီးဘေးအန္တရာယ်ကာကွယ်ရန် အသိပညာပေးမှုနှင့် မီးသတ်ပစ္စည်းများလိုအပ်

စစ်ဘေးရှောင်စခန်းများတွင် မီးဘေးအန္တရာယ်ကာကွယ်ရန် အသိပညာပေးမှုနှင့် မီးသတ်ပစ္စည်းများလိုအပ်

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မီးဘေးအန္တရာယ်မှ ရှောင်ရန်၊ ကာကွယ်ရန်နှင့် မီးငြိမ်းသတ်နိုင်ရေးအတွက် အသုံးပြုမည့် ပစ္စည်းကိရိယာများ လိုအပ်လျှက်ရှိနေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများက DMG သို့ ပြောသည်။

စစ်တွေမြို့ရှိ ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် မီးဘေးအန္တရာယ်နှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာကိုမှ ကာကွယ်မှုများ လုပ်ဆောင်ထားမှုများ မရှိသေးသည့်အတွက် စိုးရိမ်းနေရသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်စံညွှန့်ကပြောသည်။

“သက်ဆိုင်ဌာနတွေက သင်တန်းတွေပေးစေချင်တယ်။ နောက်ပြီးတော့ မီးသတ်ဆေးဘူးတွေလည်းလိုချင်တယ်။ မီးဘေးဆိုတာက အလွန်အရေးကြီးတယ်၊ စိုးလည်းစိုးရိမ်းရတယ်။ မနေ့ညကဆိုရင်လည်း တိမ်ညိုစစ် ဘေးရှောင်စခန်း မီးလောင်းသွားတာရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆရာတော်နဲ့တိုင်ပင်ထားတာရှိတယ်။ ကြိုတင်ပြီး အစီအစဉ်မချရသေးဘူး” ဟု ၎င်းကပြောသည်။

ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၂၉၀ ကျော်ရှိပြီး မီးကိုစနစ်တကျသုံးစွဲရန်နှင့် အထူးဂရုစိုက်ကြရန် ပြောဆိုထားသည်ဟု ဦးမောင်စံညွှန့်က ပြောသည်။

စစ်ရှောင်စခန်းများ၌ လူနေအဆောင်များမှာ ပူကပ်နေသည့်အတွက် မီးကိုအထူးစိုးရိမ်ရပြီး ချက်ပြုတ်သည့်နေရာများကို သွပ်ပြားများဖြင့် ကာရန်ထားရန် လိုအပ်သည်ဟု ကျောက်တော်မြိုနယ်နေပူခံ စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးစိုးကျော်လှက “ထမင်းတွေချက်ပြုတ်တဲ့နေရာမှာ သံဖြူချပ်တွေကာဖို့လို့တယ်။ နောက်ပြီးတော့ မီးသတ်ဆေးဘူးတွေ လိုတယ်။ မီးသတ်ချိတ်တွေ သဲပုန်း၊ ရေဘူးတွေ တွဲထားဖို့လိုတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းတွေက စခန်းမှာမရှိသေးဘူး”  ဟု ပြောသည်။

နေပူခံစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၄၀၀ ကျော်နှင့် လူဦးရေ ၁၇၀၀ ကျော်ရှိကာ အဆိုပါစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြို့နယ်မီးသတ်ဌာနလာရောက်ပြီး အသိပေးခြင်းများရှိခဲ့သော်လည်း လက်ရှိတွင် စခန်း၌ ကာကွယ်ရေးပစ္စည်းကိရိယာများ လိုအပ်လျက်ရှိနေသည်ဟု ဦးစိုးကျော်လှက ပြောသည်။

အလားတူ ရသေ့တောင်မြို့ပေါ်တွင်လည်း စစ်ဘေးရှောင်စခန်း ၂၀ ကျော်ရှိသဖြင့် အဆိုပါစခန်းများတွင် မီးဘေးနှင့်ပတ်သတ်၍ လုပ်ဆောင်ထားခြင်းများ မရှိသေးသည့်အတွက် လာမည့်အပတ်တွင် စခန်းအားလုံးနီးပါးကို သွားရောက်ပြီး အသိပေးပညာပေးခြင်း၊ မီးချိတ်မီးသတ်ပြားများ လုပ်ဆောင်သွားရန် အစီစဉ်ရှိကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နေသည့် ကိုဘက္ကာကပြောသည်။

“အခုဆိုရင်နွေရာသီကလည်း ရောက်လာပြီဖြစ်တယ်။ လေပြင်းတွေကလည်း တိုက်နေတဲ့အချိန်ပေါ့။ ဒါကြောင့် မီးကိုစနစ်တကျသုံးစွဲဖို့။ သုံးတဲ့နေရာမှာလည်း အချိန်နဲ့သုံးပြီးတော့ မီးစ မီးကြွင်းတွေရှိမနေရအောင် မီးငြိမ်းထားရမယ်။ နောက်ပြီးတော့ မီးချိတ်တွေ သဲပုန်းတွေကိုလည်း ကာကွယ်ဖို့အတွက် စစ်ဘေးရှောင်တွေမှာ အဓိကလုပ်ထားသင့်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းထိုက်က “လုံခြုံရေးကောင်းတဲ့ တိုက်ပွဲရှောင်စခန်း တွေမှာလည်း ပြီးခဲ့တဲ့ ၂ လပိုင်းကနေစပြီး စစ်ဆေးခိုင်းထားတာတွေရှိတယ်။ နောက်ပြီးတော့ အကြံပေးတာတွေ၊ သရုပ်ပြတာတွေ မီးမလောင်ရေးအတွက် အသိပညာပေးတာတွေရှိတယ်။ ကျနော်တို့ကတော့ ရှိသမျှလူအင်အားနဲ့ မြို့နယ်အား လုံးကနေရာတွေကို လုပ်ပေးတာဖြစ်တယ်။ တချို့နေရာတွေကျရင် ကျန်ကောင်းကျန်နိုင်လိမ့်မယ်” ဟု ပြောသည်။

ယမန်နေ့က လူဦးရေ ၃၀၀၀ ကျော် နေထိုင်သည့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ညနေ ၈ နာရီကျော် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၈၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၆၀၀ ကျော်မီး လောင်ကျွမ်းသွားသည်ဟု သိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...