မြို့နယ်နှစ်ခုက လူငယ် ၁၂၀ ကို မြတန်ဆောင်းဖောင်ဒေရှင်းမှ ကွန်ပျုတာအခြေခံသင်ကြား

မြို့နယ်နှစ်ခုက လူငယ် ၁၂၀ ကို မြတန်ဆောင်းဖောင်ဒေရှင်းမှ ကွန်ပျုတာအခြေခံသင်ကြား

မြောက်ဦး — မြောက်ဦးမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် မြတန်ဆောင်းဖောင်ဒေရှင်းမှ ဦးဆောင်ပြီး ကွန်ပျုတာအခြေခံသင်တန်းကို သင်ကြားပေးနေကြောင်း မြတန်ဆောင်းဆရာတော်က မိန့်သည်။

မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် လူငယ် ၆၀ ဦးနှင့် ကျောက်ဖြူမြို့နယ် စနဲမြို့မှာ လူငယ် ၆၀ စုစုပေါင်း ၁၂၀ ဦးကို သင်ကြားပေးနေခြင်းဖြစ်သည်။

မြတန်ဆောင်းဆရာတော်က “ အဓိကတော့ သင်တန်းကျောင်းမှာ ကွန်ပျုတာတွေ အခက်ခဲရှိတယ်။ ကွန်ပျုတာက မလုံလောက်တော့ အချိန်တွေခွဲပြီးတော့ လူခွဲပြီးသင်နေရတယ်။ အချိန်ကတော့ တစ်ရက်မှာ ၃ ချိန်ခွဲပြီးတော့ သင်တယ်။ နောက်ပြီးတော့ Projector တွေက ဈေးအရမ်းကြီးတော့ မဝယ်နိုင်ဘူး။ အခက်ခဲတွေရှိပါတယ်” ဟု မိန့်သည်။

ကွန်ပျုတာသင်ကြားရာတွင် ကွန်ပျုတာများ ပျက်စီးမှုရှိသဖြင့် အခက်ခဲများရှိကြောင်း စနဲမြို့တွင် သင်ကြားပေးနေသည့် ဆရာမ မနီလာသန်းက ပြောသည်။

“ ဒီသင်တန်းကျောင်းမှာက မီးမရတော့ မီးစက်ကို အသုံးပြုပြီးတော့ သင်နေရတယ်။ နောက်ပြီးတော့ အဓိက ကွန်ပျုတာပိုင်းက အခက်ခဲရှိတယ်။ သင်တန်းကျောင်းမှာက ကွန်ပျုတာတွေက Second (တစ်ပတ်နွမ်း) တွေဆိုတော့ သင်တန်းပြနေတဲ့အချိန် ကွန်ပျုတာတွေက window ကျသွားတာမျိုးတွေရှိတယ်။ ကျွမ်းကျင်အောင် သင်ကြားမယ်ဆိုရင်တော့ နောက်ထပ် ကွန်ပျုတာသင်တန်းဆရာတွေလည်း လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

ကျောက်ဖြူမြို့နယ်၊ စနဲမြို့ မြတန်ဆောင်းဖောင်ရှင်း ကွန်ပျူတာအခြေခံသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့် သင်တန်းသား ကိုစံအောင်ရွှေက ကွန်ပျူတာ တတ်မြောက်သွားပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း ပြောသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...