ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုကို ဗွီဒီယိုအွန်လိုင်းမှ မှုခင်းစီမံခန့်ခွဲမှုလုပ်၊ တရားလိုဖြစ်သူကို မတ် ၃၁ ရက်နေ့ စတင်စစ်ဆေးမည်

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုကို ဗွီဒီယိုအွန်လိုင်းမှ မှုခင်းစီမံခန့်ခွဲမှုလုပ်၊ တရားလိုဖြစ်သူကို မတ် ၃၁ ရက်နေ့ စတင်စစ်ဆေးမည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ အမှုနှင့်ပတ်သက်ပြီး  ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က ဗွီဒီယိုအွန်လိုင်းဖြင့် စစ်တွေမြို့နယ် တရားရုံးမှ မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ခဲ့ပြီး လာမည့် မတ်လ ၃၁ ရက်နေ့တွင် တရားလိုဖြစ်သူ စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကိုစတင်စစ်ဆေးမည်ဟု သိရသည်။

ဦးညီပု၏အမှုကို အမှုအားလိုက်ပါဆောင်ရွက်ပေးသူ သဇင်ဥပဒေ အထောက်အကူပြု အဖွဲ့မှ ဒါရိုက်တာဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း(ခ) ငြိမ်းချမ်းက“ ဦးညီပုကတော့ တပ်ထိမ်းချုပ်မှုအောက်မှာ ပဲရှိတယ်လို့ သိရတယ်။ အွန်လိုင်းကတော့ တွေ့လိုက်ရပါတယ်။ သာကြောင်း မာကြောင်းမေးဖြစ်ပါတယ်။ ဘယ်တပ်ထဲမှာလည်းတော့မသိဘူး။ ကျန်းကျန်းမာမာပါပဲ။ လာမယ့်ရုံးချိန်းမှာ တရားလိုကိုစစ်ဆေးမယ်ပေါ့။” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဦးညီပုအား လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ည ၁ဝ နာရီကျော်က ၄င်း၏ ဂွမြို့နယ်နေအိမ်မှ တပ်မတော်သားများက ဖမ်းဆီးသွားခဲ့သည်။

ယင်းနောက်ပိုင်း  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုဖွင့်ခဲ့ပြီး စစ်တွေမြို့ရှိ တပ်စခန်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်း၏ ပြောပြချက်အရသိရသည်။

ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်က ယနေ့အထိဖခင်ဖြစ်သူနှင့် တွေ့ဆုံခွင့် မရရှိသေးပဲ မည်သည့်နေရာတွင် ရောက်ရှိနေကြောင်း သိခွင့်ရချင်ပြီး ကျန်းမာရေးအား စိုးရိမ်ပူပန်မှုဖြစ်နေရကြောင်း ပြောသည်။

“ စိုးရိမ်တာပေါ့ရှင် ကိုယ့်မိဘပဲ။ ဘယ်နေရာမှာရောက်နေလဲတောင်မသိရတာ။ သူတို့က မရားလုပ်နေတာပဲ ဘယ်လိုတွေ့ရမလဲနော်။ ပြောချင်တာက ကျွန်မအဖေတစ်ယောက်တည်း အတွက်မဟုတ်ဘူး မတရားသဖြင့် ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေ၊ တတ်ကြွလှုပ်ရှားသူတွေ၊ အပြစ်မဲ့ပြည်သူတွေကို လွတ်မြောက်စေချင်တယ်” ဟုပြောသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...