ကုန်ကြမ်းမရ၍ ရခိုင်ရက္ကန်းထည်လုပ်ငန်း ခက်ခဲနေ

ကုန်ကြမ်းမရ၍ ရခိုင်ရက္ကန်းထည်လုပ်ငန်း ခက်ခဲနေ

လိုအပ်သော ကုန်ကြမ်းမှာယူမရ၍ ရခိုင်ရက္ကန်းထည်လုပ်ငန်းများ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များနှင့် ရက္ကန်းထည်လုပ်ကိုင်သူများက DMG သို့ ပြောသည်။

စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာ၌ရှိသည့် ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းကို ယခု မတ်လ ဒုတိယအပတ်ကစ၍ လုပ်ငန်းအချို့ကို ရပ်နားထားသလို အလုပ်သမားအချို့ကိုလည်း အလုပ်ယာယီနားထားရကြောင်း ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းပိုင်ရှင် ဒေါ်မအေးပြောသည်။

“ အခုလက်ရှိအခြေနေကတော့ ဘဏ်တွေပိတ်ထားတာနဲ့၊ အင်တာနက်ပိတ်ထားတာနဲ့ ငွေလွှဲငွေပို့ မရတာတစ်ကြောင်း၊ နောက်ပြီးတော့ ဟိုဖက်မှာ ဆန္ဒပြနေကြတာနဲ့ ဆိုလို့ရှိရင် ကိုယ်လိုချင်တဲ့ကုန်ကြမ်းတွေကို မှာလို့မရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ” ဟု ပြောသည်။

ကုန်ကြမ်းများမှာ အန္ဒိယချည်ဖြစ်ပြီး ယင်းချည်များကို မန္တလေးမြို့၊ မုံရွာမြို့တို့မှ တစ်လစာကြိုတင် မှာယူထားရသည်။ လတ်တလောတွင် ကုန်ကြမ်းရောင်းသူထံမှ အကူအညီတောင်းပြီး စက်ရုံလုပ်ငန်းလည်ပတ်ရန်နှင့် အလုပ်သမားများ အလုပ်မြန်မြန်လုပ်ရရန် ဆောင်ရွက်နေသည်ဟု ဒေါ်မာအေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲမဖြစ်ပွားမီအချိန်က ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းတွင် အလုပ်သမားများ ၉၀ ကျော်ရှိခဲ့ပြီး တိုက်ပွဲကြောင့် အလုပ်များမလည်ပတ်နိုင်ဘဲ ရှိခဲ့သည့်အတွက်ကြောင့် အလုပ်သများ ၄၀ ခန့် အလုပ်ထွက်သွားကြသည်။

ရွှေကျားရက္ကန်းလုပ်ငန်းတွင် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား အစရှိသည့် မြို့နယ်များမှ လာရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းတွင် စက်ရက္ကန်းစင်နှင့် လက်ရက္ကန်းစင် စုစုပေါင်း ၁၀၀ ကျော်ရှိသည်။

“ဒီမှာက တိုက်ပွဲဖြစ်၊ ကိုဗစ်ဖြစ်ဆိုတော့ ပွဲလမ်းသဘင်တွေ မရှိတဲ့အခါကျတော့ အထည်ကမရောင်းရဘူး။ မရောင်းရတော့ လက်ရက္ကန်းတွေအကုန် နားလိုက်ရတယ်။ အစင် ၁၀၀ ရှိတဲ့အထဲမှာ ၁၀ စင်လောက်ပဲ လုပ်ရတယ်။ ” ဟု ဒေါ်မအေးကဆက်ပြောသည်။

အလားအတူ ရွာလုံးကျွတ်နီးပါး လက်ရက္ကန်းလုပ်ငန်းလုပ်ကိုင်နေကြသည့် စစ်တွေမြို့နယ် ဝါဘိုကျေးရွာတွင်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

လက်ရက္ကန်းရက်လုပ်သူ မကျော့ကျော့ဦးက “ကိုဗစ်စဖြစ်တဲ့ အချိန်ကတည်းက အလုပ်တွေကအဆင်မပြေဘူး။ အခုလက်ရှိမှာလည်း ကုန်ကြမ်းပစ္စည်းတွေ မှာယူရတာ အခက်အခဲတွေရှိတယ်။ နောက်ပြီး ရောင်းရချရတာလည်း အဆင်မပြေဘူး။ အခြေအနေတွေက ဆိုးဝါးနေပါတယ်။ ”  ဟု ပြောသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ဝယ်ယူသူနည်းပါး၍ အထည်လုပ်အားခဈေးနှုန်းမှာ ယခင် တစ်သောင်းကျပ် ရရှိရာကနေ ယခု ရှစ်ထောင်ကျပ်သာ ရရှိကြောင်း လက်ရက္ကန်းတစ်ဆင့်ခံ လုပ်ကိုင်နေသည့် မနီနီအေးက ဆိုသည်။

စစ်တွေမြို့နယ်တွင် ရက္ကန်းထည်လုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာ ၆ ရွာရှိပြီး ရွာဘို၊ သိန်းတန်၊ တောကန်၊ ဂန့်ဂေါ်ကျွန်း၊ ကျောက်တန်းချေနှင့် ကျားမသောက် ကျေးရွာများဖြစ်ကြသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...