တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း CRPH ကြေညာ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း CRPH ကြေညာ

တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရား အသင်းမှ ပယ်ဖျက်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန် ကြေညာ လိုက်သည်။

မတ်လ ၁၇ ရက်နေ့ (ယနေ့) တွင် CRPH က ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် “ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်း အဖြစ် သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက် ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့ အ ဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်” ဟု ပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အစိုးရသက်တမ်းတွင် ၂၀၂၀ ခုနှစ် မတ်လကုန်ပိုင်းက ရက္ခိုင့်တပ် တော် ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းဟု ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များအားလုံးသည်လည်း မတရားအသင်းများ ဖြစ်ကြသည်ဟု ဆိုသည်။

ထိုကဲ့သို့ သတ်မှတ်ကြေညာခံထားရသည့် တော်လှန်ရေးအင်အားစုများအားလုံးကို CRPH က အကြမ်းဖက် အဖွဲ့အစည်းနှင့် မတရား အသင်းမှ ပယ်ဖျက်ကြောင်း ယနေ့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို မတရားအသင်း ၁၇/၁ ဖြင့် ဖမ်းဆီးအရေးယူမှုကို ရှုတ်ချကြောင်း CRPH က ဆိုသည်။

CRPH က “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သောကြောင့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီး အရေး ယူမှု အားလုံးသည် တရားဝင်မှုမရှိကြောင်း နှင့် ၎င်းဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက် သည်” ဟု ပြောသည်။

CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချ မှတ်ကာ ညီရင်း အစ်ကို၊ မောင်ရင်းနှစ်မ စိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြု ပါ သည် ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့အပြင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့ လှုပ် ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတ ရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ်မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည် CRPH က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် နိုင် ငံရေး ရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို လုပ်ဆောင်သွားမည်ဟု ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ကို ထုတ်ပြန် ကြေ ညာထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...