လက္ကာကျေးရွာသား ၂၂ ဦးကို စွဲဆိုထားသည့် အမှုသုံးခုတွင် အမှုနှစ်ခုအား စစ်ဆေးပြီးစီး

လက္ကာကျေးရွာသား ၂၂ ဦးကို စွဲဆိုထားသည့် အမှုသုံးခုတွင် အမှုနှစ်ခုအား စစ်ဆေးပြီးစီး

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၂ ဦးအား စွဲဆိုထားသော အမှုသုံးခုတွင် အမှုနှစ်ခုကို စစ်ဆေးပြီးစီးပြီဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသူထံမှ သိရသည်။

၎င်းတို့ကို ရာကြီးအမှတ် ၅၉/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၆၀/၂၀၁၉၊  ၁၉၄၉ လက်နက်ရေးပေါ်(ယာယီ) ဥပဒေပုဒ်မ ၂၁ (က) နှင့် ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိတွင် ရာကြီးအမှတ် ၅၉/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၆၀/၂၀၁၉ ၊  ၁၉၄၉ လက်နက်ရေးပေါ်(ယာယီ) ဥပဒေပုဒ်မ ၂၁ (က) အမှုနှစ်ခုကို စစ်ဆေးပြီးစီးပြီဖြစ်ကာ ကျန်တစ်မှုကို ဆက်လက်စစ်ဆေးနေကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“အမှုနှစ်ခုကတော့ စစ်ဆေးလို့ပြီးပြီပေါ့။ ရာကြီးအမှု ၆၀ ကျတော့ အပြီးသတ် အမိန့်ချမှတ်ရမှာဖြစ်တယ်။ ရာကြီး မှတ် ၅၉ အမှုကျတော့ စွဲချက်အမိန့်ချက်ရမှာဖြစ်တယ်။ ကျန်တဲ့အမှုတစ်ခုကတော့ စစ်ဆေးဆဲဖြစ်တယ်ပေါ့။ အဲဒီအမှုမှာ လိုပြသက်သေ ၄၇ ဦးရှိတယ်။ ၁၀ ဦးတော့ စစ်ဆေးပြီးပြီ” ဟု ဦးအောင်စစ်မင်းက ပြောသည်။

ယမန်နေ့ မတ်လ ၁၅ ရက်နေ့ရုံးချိန်းတွင် ဆက်လက်စစ်ဆေးရန်ကျန်ရှိသည့် အမှုနှင့်ပတ်သက်၍ သက်သေမ ရောက်သဖြင့် လာမည့် မတ်လ ၁၉ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကတည်းက သံသယဖြင့်ဖမ်းဆီးခံခဲ့ရပြီး တရားရင်ဆိုင်နေရသည်မှာ ၂ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။

၎င်းတို့မှာ ကိုဗစ်ကြောင့် တရားရုံး၌ကြားနာစစ်ဆေးမှုများကို ခေတ္တဆိုင်းငံ့ထားခဲ့သဖြင့် ရုံးထုတ်စစ်ဆေးခြင်းမပြုဘဲ (၆)လခန့် ကြာမြင့်ခဲ့ပြီး လက်ရှိတွင် ပြန်လည်စစ်ဆေးလျက်ရှိသည်။

ယခုနှစ် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းအား ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန် ကြေငြာခဲ့သည်။

ယင်းကြောင့် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုထားသည့်အမှုများအား တရားလိုဖက်မှပြန်လည်ရုပ်သိမ်းမည်ကို တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များက စောင့်မျှော်နေကြသည်။

“အကြမ်းဖက်ကိုရုပ်သိမ်းလိုက်ပြီဆိုတော့ ကျွန်မတို့သားတွေလည်း လွတ်မယ်လို့မျှော်လင့်နေတယ်။ လွတ်မယ် ဆိုတဲ့မျှော်လင့်ချက်နဲ့ မိသားစုဝင်တွေ အကုန်လုံးကစောင့် ဆိုင်းနေကြတယ်ပေါ့” ဟု ဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာမှ ကိုဦးလှမောင် (၂၄) နှစ်၏ မိခင်ဖြစ်သူ ဒေါ်စံသာနုက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာကာလအတွင်းမှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း၏ စာရင်းအရသိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...