ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်ထဲက ကချင်စစ်ရှောင်များကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက မူလ IDPs စစ်ရှောင်စခန်းများကို ပြန်နေရန် ခွင့်မပြုကြောင်း စစ်ရှောင်များက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်များအကြား ယမန်နေ့က စတင် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် မြစ်ဆုံ တန်ဖဲကျေးရွာသို့ အင်ဂျန်းယန်မြို့နယ် ဂွေထော်ကျေးရွာ နှင့် တန် ဘောင်ကျေးရွာတို့က စစ်ရှောင်များကို တြီနတီနှင့် စိန့်ဂျိုးဇက် စစ်ရှောင်စခန်းများသို့ ပြန်ခွင့် မပြုဟု ပြော သည်။
“အခုစစ်ရှောင်က ဂွေထောင်က ၃၇ ယောက်၊ တန်ဘောင်ရွာက ၇၀ ကျော် အားလုံးတစ်ရာကျော်ပါပဲ။ မပခက ပြောတယ်တဲ့၊ ဘုရားကျောင်းက Father က ပြောပြတာက နဂိုပလနက စစ်ရှောင်စခန်းကို ပြန် မဝင် ခိုင်းဘူး ပေါ့။ တိုင်းမှူးက အကြောင်းကြားလာတယ်တဲ့ သူတို့အရင်က နေခဲ့တဲ့ စခန်းထဲကို မသွားခိုင်းဘူးပေါ့။ အခု ရောက်နေတဲ့နေရာမှာပဲ နေပါလို့ ပြောထားတယ်တဲ့။ ဂိတ်မှာ တားတာမျိုးတော့ မဟုတ်ဘူး” ဟု စစ်ရှောင်များ အား သွားရောက်ကူညီခဲ့သူ တစ်ဦးက ပြောသည်။
မြစ်ဆုံတန်ဖရဲတွင် ခိုလှုံရောက်ရှိလာသည့် IDP များအား မပခတိုင်းမှူးက မူလ IDP စခန်းများသို့ ပြန်ခွင့် မပြု သည့်အတွက် စစ်ရှောင်များ နေရေးထိုင်ရေးနှင့် လုံခြုံရေးအတွက် အခက်အခဲရှိသည်ဟု စစ်ရှောင်များ က ပြော သည်။
“ကျနော်က အရင်ကလည်း စစ်ရှောင်ပဲ၊ တောင်ယာတွေဘာတွေ ခုတ်ဖို့ ရွာဟောင်းမှာပြန်နေတာပါ။ အခု က စစ်ပြန်ဖြစ်လာတော့ နေလို့မရလို့ ကိုယ့်အရင်က စစ်ရှောင်စခန်းကို ပြန်တာလေ၊ အခုက ပြန်ခွင့်မပြုဘူး ဆို တော့ ဒီမှာ အခက်အခဲဖြစ်တယ်။ အခုက တန်ဖဲဘုရားကျောင်းဝန်းထဲက အဆောင်မှာနေနေရတာပါ။ ကျနော် တို့က ရွာမှာလည်းမလုံခြုံဘူး၊ အဲ့စစ်ရှောင်စခန်းမှာလည်း နေလို့မရဘူး ဆိုတော့ ကျနော်တို့က စစ်ရှောင်မှာ လည်း စာရင်းကရှိတယ် အခုလည်းရှိသေးတယ်။ ကျနော်တို့က Camp မှာပဲ ရောက်အောင် သွားနေချင် တာ ပေါ့။”
ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံအထက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် စစ်ဘေးဒုက္ခ သည် များသည် ၎င်းတို့ခိုလှုံခဲ့သည့် ပလနရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ ပြန်လည် ခိုလှုံနေထိုင်ရန် ရွာဟောင်းမှ ပြန် ထွက်ပြေးလာခဲ့သော်လည်း မြောက်ပိုင်းတိုင်း တိုင်းမှူးက ခွင့်မပြုကြောင်း သတင်းရရှိသည်။
ထိုစစ်ဘေးရှောင်များမှာ ၂၀၁၈ ခုနှစ်ကတည်းက ၎င်းတို့ဒေသအတွင်းက တိုက်ပွဲများကြောင့် မြစ်ကြီးနား ပလန စစ်ဘေးဒုက္ခသည် စခန်းတွင် ခိုလှုံခဲ့သူများဖြစ်သည်။ ထို့နောက် ပြီးခဲ့ ၂၀၂၀ ခုနှစ်က ဖြစ်ပွားလာသည့် COVID-19 ကပ်ရောဂါကြောင့် နေထိုင်လုပ်ကိုင်စားသောက်ရေး အဆင်မပြေလာသည့်အတွက် မိသားစု စားဝတ်နေရေး အတွက် နေရပ်ပြန်ကာ တောင်ယာလုပ်ငန်းများ သွားရောက် လုပ်ကိုင်နေသူများဖြစ်သည်ဟု ပြောသည်။
ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ဆုံအထက်ဘက်၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် KIA တပ်မဟာ (၁) တပ် ရင်း ၄ နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းတို့ အကြား ယမန်နေ့ ညနေပိုင်းကစတင်၍ ယနေ့ အချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု စစ်ရှောင်များက ပြောသည်။
ထို့ကြောင့် မြစ်ကြီးနားမြို့မှ မိုင် ၂၀ ကျော် အကွာက တန်ဖဲကျေးရွာသို့ စစ်ဘေးတိန်းရှောင်လာကြခြင်း ဖြစ် သည်ဟု စစ်ရှောင်များ က ပြောသည်။







