ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ဖမ်းဝရမ်းထုတ်ခံရ

ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ဖမ်းဝရမ်းထုတ်ခံရ

ဇော်ဝင်းဌေး — ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်အား  CDM လှုပ်ရှားဆန္ဒပြမှု၌ ပါဝင်သောကြောင့်  ယခု ၁၀ ရက်နေ့က နစကကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်ဟု ပါတီ၏ ဗဟိုကော်မတီဝင် ဦးမြင့်ဆွေက ပြောသည်။

“ ဟုတ်ပါတယ်။ ဖမ်းဝရမ်းထုတ်ထားပါတယ်။ သတင်းမှာ အတိကျပါလာပါတယ်။ ခုဆန္ဒပြမှုက ပါတီအနေနဲ့ ပြတာတော့ မဟုတ်ပါဘူး။ သူ့ဟာသူ General Strike Committee ( စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ)မှာ ပါဝင်မယ်လို့တော့ ပါတီကိုပြောသွားတာ ရှိတယ်။ ပါတီမှုဝါဒ၊ ပါတီစည်းကမ်းချက်နဲ့ သွားတာတော့ မဟုတ်ပါဘူး။ ဖမ်းဝရမ်းထုတ်မှုနဲ့ ပြောချင် တာကတော့ ဆန္ဒပြတာက ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပြတာမဟုတ်ပါဘူး။ ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီးတော့ စိတ်မကောင်းပါဘူး”ဟု ပြောသည်။

ဦးမျိုးကျော်အား ဖမ်းဝရမ်းထုတ်ကြောင်း မတ်လ ၁၀ ရက်နေ့ ည ၈ နာရီတွင် ကြေညာပြီးနောက် ဦးမျိုးကျော်နှင့် အဆက်အသွယ်မရတော့ကြောင်း ပြောသည်။

“ဖမ်းဝရမ်းထုတ်ထားတာတော့ သိရတယ်။ ဖမ်းမိ/ မဖမ်းမိတော့ ကျွန်တော်တို့ကတော့ မသိပါဘူး။ မဖြစ်ခင်ကာလအထိတော့ အဆက်သွယ်ရပေမယ့် လက်ရှိမှာတော့ အဆက်အသွယ်မရတော့ဘူး။ လက်ရှိမှာက ပါတီအနေနဲ့ အစည်းအဝေးတွေလည်း မလုပ်သေးဘူး” ဟုပြောသည်။

မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်မြောင်းတွင် CDM ဆန္ဒပြမှု၌ ပါဝင်သောကြောင့် ၄င်းအား စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

ဦးမျိုးကျော်သည် ကျောက်ဖြူဇာတိဖြစ်ပြီး ၁၉၈၈ ခုနှစ် ကတည်းက နိုင်ငံရေးလောကထဲသို့  ဝင်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...