ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ဖမ်းဝရမ်းထုတ်ခံရ

ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ဖမ်းဝရမ်းထုတ်ခံရ

ဇော်ဝင်းဌေး — ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်အား  CDM လှုပ်ရှားဆန္ဒပြမှု၌ ပါဝင်သောကြောင့်  ယခု ၁၀ ရက်နေ့က နစကကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်ဟု ပါတီ၏ ဗဟိုကော်မတီဝင် ဦးမြင့်ဆွေက ပြောသည်။

“ ဟုတ်ပါတယ်။ ဖမ်းဝရမ်းထုတ်ထားပါတယ်။ သတင်းမှာ အတိကျပါလာပါတယ်။ ခုဆန္ဒပြမှုက ပါတီအနေနဲ့ ပြတာတော့ မဟုတ်ပါဘူး။ သူ့ဟာသူ General Strike Committee ( စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ)မှာ ပါဝင်မယ်လို့တော့ ပါတီကိုပြောသွားတာ ရှိတယ်။ ပါတီမှုဝါဒ၊ ပါတီစည်းကမ်းချက်နဲ့ သွားတာတော့ မဟုတ်ပါဘူး။ ဖမ်းဝရမ်းထုတ်မှုနဲ့ ပြောချင် တာကတော့ ဆန္ဒပြတာက ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပြတာမဟုတ်ပါဘူး။ ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီးတော့ စိတ်မကောင်းပါဘူး”ဟု ပြောသည်။

ဦးမျိုးကျော်အား ဖမ်းဝရမ်းထုတ်ကြောင်း မတ်လ ၁၀ ရက်နေ့ ည ၈ နာရီတွင် ကြေညာပြီးနောက် ဦးမျိုးကျော်နှင့် အဆက်အသွယ်မရတော့ကြောင်း ပြောသည်။

“ဖမ်းဝရမ်းထုတ်ထားတာတော့ သိရတယ်။ ဖမ်းမိ/ မဖမ်းမိတော့ ကျွန်တော်တို့ကတော့ မသိပါဘူး။ မဖြစ်ခင်ကာလအထိတော့ အဆက်သွယ်ရပေမယ့် လက်ရှိမှာတော့ အဆက်အသွယ်မရတော့ဘူး။ လက်ရှိမှာက ပါတီအနေနဲ့ အစည်းအဝေးတွေလည်း မလုပ်သေးဘူး” ဟုပြောသည်။

မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်မြောင်းတွင် CDM ဆန္ဒပြမှု၌ ပါဝင်သောကြောင့် ၄င်းအား စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

ဦးမျိုးကျော်သည် ကျောက်ဖြူဇာတိဖြစ်ပြီး ၁၉၈၈ ခုနှစ် ကတည်းက နိုင်ငံရေးလောကထဲသို့  ဝင်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...