စစ်ပွဲအတွင်းသေဆုံးသူများအတွက် ကျောက်တော်တွင် ဆုတောင်းပွဲပြုလုပ်

စစ်ပွဲအတွင်းသေဆုံးသူများအတွက် ကျောက်တော်တွင် ဆုတောင်းပွဲပြုလုပ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နေပူခံစစ်ဘေးရှောင်စခန်းတွင် စစ်ပွဲအတွင်းသေဆုံးသူများအတွက် ဝမ်းနည်းဖွယ်အထိမ်းအမှတ်ပွဲကို ယခု မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွင် သေဆုံးခဲ့ရသူများနှင့် စစ်ဘေးရှောင်အဖြစ်သို့ ရောက်ရှိလာသည့်မှာ တစ်နှစ်ပြည့်ခဲ့သည့်အတွက် ဝမ်းနည်းဖွယ် အထိမ်းအမှတ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နေပူခံစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအေးစောက ပြောသည်။

“ ကျနော်တို့မှာ အဲဒီနေ့မှာ ပျောက်ဆုံးသွားတဲ့လူတွေ သေဆုံးသွားတဲ့ လူတွေရှိတယ်။ နောက်တခါ နိုင်ငံရေးပဋိပက္ခကြောင့် အပြစ်မဲ့ပြည်သူတွေက ထောင်ကျ အကျဉ်းကျနေကြတယ်။ ဆိုတော့ သူတို့နဲ့ မိသားစုနဲ့အတူ ကျနော်တို့လည်း စာနာဝမ်းနည်းတယ် ” ဟု ၎င်းကပြောသည်။

တိုက်ပွဲအတွင်း သံသယဖြင့် ဖမ်းဆီးခံရပြီး အကျဉ်းကျနေကြသူများနှင့် သေဆုံးသွားသူများတွင်လည်း မကျွတ်လွတ်ဘဲရှိနေသူများတွက် လွတ်မြောက်နိုင်ရေးကို ဆုတောင်းခဲ့ကြကြောင်း ဆိုသည်။

“ သူတို့လွှတ်မြောက်ပါစေကြောင့် နောက်ဘဝမှာ လူပြန်ဖြစ်မယ်ဆိုရင်လည်း နိုင်ငံရေးအေးချမ်းသာယာပြီးတော့ ဖွံ့ဖြိုးတဲ့ရခိုင်ပြည်နယ်မှာပဲ လူပြန်ဝင်စားပါဆိုပြီးတော့ ဆုတောင်းတွေနဲ့ လုပ်ကြပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ နေပူခံစစ်ဘေးရှောင်စခန်းတွင် ကျေးရွာပေါင်း ၁၂ ရွာမှ လူဦးရေ ၁၇၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း အရပ်သာ သေဆုံးသူ ၃၀၀ ကျော်နှင့် သံသယဖြင့် ဖမ်းဆီခံရပြီး အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသူ  ၃၆၀ ရှိကြောင်း DMG ၏ စာရင်းအရသိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...