ဒေါက်တာအေးမောင်ကို ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့်ပြု

ဒေါက်တာအေးမောင်ကို ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့်ပြု

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် ရခိုင်အမျိုးသားပါတီ ဒုတိယအကြိမ်ပါတီညီလာခံ၏ ဆွေးနွေးဆုံးဖြတ်ချက်အရ နုတ်ထွက်ခွင့်ပြုစာကို ဆက်လက်ထည့်သွင်းမစဉ်းစားသဘောဖြင့် ဒေါက်တာအေးမောင်ကို ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက DMG သို့ ပြောသည်။

“ ပါတီညီလာခံပြီးကတည်းက ဆုံးဖြတ်ပြီးသားဖြစ်တယ်။ သူနဲ့လည်း ဆက်စပ်ဆောင်ရွက်မှု မရှိတော့ဘူး။ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ နုတ်ထွက်ခွင့်ပြုတဲ့သဘောဖြစ်တယ်။ ပါတီက နုတ်ထွက်ခွင့်မရ ဆိုတာက လွှတ်တော်ကိုယ်စားလှယ်ရွေးတဲ့အခါ ဖြစ်တဲ့ ပြဿနာပဲ ဖြစ်တယ်။ ” ဟု ပြောသည်။

ပါတီတစ်ခုနှင့်တစ်ခု အကူးအပြောင်း မရှင်းမလင်းမှုများရှိမရှိ UEC အနေဖြင့် မေးမြန်းလာပါက ဒေါက်တာအေးမောင်နှင့် ရခိုင်အမျိုးသားပါတီတို့သည် ဆက်စပ်ဆောင်ရွက်မှု လုံဝမရှိတော့ကြောင်းကို ဖြေကြားပေးမည်ဟု ဆုံးဖြတ်ထားကြောင်း ဦးဖေသန်းက ဆိုသည်။

ဒေါက်တာအေးမောင်သည် ရခိုင့်ဦးဆောင်ပါတီ (AFP) တွင် ဥက္ကဌတာဝန်ကို ယူဆောင်ထားပြီး ဒုဥက္ကဌမှာ ဦးကျော်ဇောဦးတို့ဖြစ်ပြီး ယခင်က ရခိုင်အမျိုးသားပါတီ၏ ပါတီဝင်ဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့သည် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့်ပြုကြောင်းကို စာဖြင့် တရားဝင်မရရှိသေးပေ။

ဦးကျော်ဇော်ဦးကတော့ “ ကျနော် တရားဝင်စာမရသေးပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တွေမြို့မှာ AFP ကိုယ်စားလှယ်အနေနဲ့ UEC ကို တင်သွားပါတယ်။ ကျနော်ရဲ့ ပြိုင်ဘက် ANP ကိုယ်စားလှယ်က ကန့်ကွက်ရမယ်။ ဒါပေမယ့် မကန့်ကွက်ခဲ့တဲ့အတွက် ကျနော်က AFP ပါတီရဲ့ တရားဝင်ကိုယ်စားလှယ်အနေနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ ” ဟု ပြောသည်။

ဒေါက်တာအေးမောင်၊ ဦးကျော်ဇောဦးတို့မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်အမျိုးသားပါတီထံ နုတ်ထွက်ခွင့်စာ တင်ထားခဲ့ကြောင်း၊ ယင်းအပြင် ဦးခင်မောင်လတ်၊ ဦးဝေစိန်အောင်၊ ဦးအောင်သောင်းရွှေ၊ ဦးကျော်လွင်တို့လည်း နုတ်ထွက်စာတင်ထားကြသည်။

၎င်းတို့နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့်ရ၊ မရ အကြောင်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးထံ ပြီးခဲ့သည့် နှစ်ပတ်က AFP ပါတီအနေဖြင့် သွားရောက် ရှင်းလင်းခဲ့ကြောင်း AFP ပါတီ၏ ဒုဥက္ကဌ ဦးကျော်ဇောဦးက ပြောသည်။

အကယ်၍ AFP ပါတီအနေဖြင့် တရားဝင်စာပေးပို့လာပါက ရခိုင်အမျိုးသားပါတီအနေဖြင့် နုတ်ထွက်ခွင့်ပြုစာကို တရားဝင်ပေးပို့သွားမည်ဟု ဦးဖေသန်းက ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့်တော့ လတ်တလောတွင် ပါတီချင်းဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း ဦးကျော်ဇောဦးက ဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းပြီးနောက်ပိုင်း ရခိုင်အမျိုးသားပါတီတွင် နုတ်ထွက်ခွင့်တင်ထားသူ ၃ ဦးရှိပြီး ၎င်းတို့ကို ပါတီမှနုတ်ထွက်ခွင့်ပြုမည်ဟုလည်း ဦးဖေသန်းက ပြောသည်။

May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...