တိုက်ပွဲကြောင့် စစ်တွေသို့ ခိုလှုံလာသည့် ဒုက္ခသည်များ စားဝတ်နေရေး ခက်ခဲနေ

တိုက်ပွဲကြောင့် စစ်တွေသို့ ခိုလှုံလာသည့် ဒုက္ခသည်များ စားဝတ်နေရေး ခက်ခဲနေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲကြောင့် မြို့တော်စစ်တွေမြို့သို့ ခိုလှုံလာသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေကြောင့် အကူအညီများ မရောက်ရှိသည့်အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ဒုက္ခသည်စခန်းတာဝန်ခံများနှင့် ဒုက္ခသည်များက DMG သို့ ပြောဆိုကြသည်။

နိုင်ငံတကာအကူအညီများနှင့် လူမှုအဖွဲ့အစည်းများ၏ အကူအညီများကို ၂၀၁၉ နှင့် ၂၀၂၀ စောပိုင်းအထိ အကူအညီများ ရရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါစတင်ပြင်းထန်လာသည့် ၂၀၂၀ ဧပြီလကစ၍ အလှူရှင်များ လျော့နည်းလာပြီး ယခုဆိုလျင် လူကယ်ပြန်ဝန်ကြီးဌာနကသာ ထောက်ပံ့လျက်ရှိကြောင်း ဒုက္ခသည်များက ဆိုသည်။ သို့သော်လည်း လူကယ်ပြန်၏ ထောက်ပံ့မှုမှာ လုံလောက်မှုမရှိကြောင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှလည်း အကူအညီများ ထပ်မံရရှိရေးကို မျှော်လင့်နေကြောင်း စခန်းတာဝန်ခံများက တောင်းဆိုကြသည်။

ဒုက္ခသည်စခန်းများတွင် နွေရာသီရောက်ရှိလာသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်းနှင့် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျော့ဖြစ်မည်ကို စိုးရိမ်နေကြပြီး သက်ကြီးရွယ်အိုများမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း စခန်းတာဝန်ခံများက ပြောဆိုကြသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...