ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်း

ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်း

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းအား ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် မြန်မာနိုင်ငံအကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA)/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။

ယခုအခါ ULA/AA အနေဖြင့် အကြမ်းဖက်လုပ်ငန်းများကို ပြုလုပ်ခြင်းမရှိသဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရရှိရေး တည်ဆောက်ရန်အတွက်လည်းကောင်း AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ကြေငြာထားခြင်းကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောတူညီချက်ဖြင့် ထိုအမိန့် ကြော်ငြာစာကို ထုတ်ပြန်ချက်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...