မော်လမြိုင်တွင် မြို့အနှံ့ ရှာဖွေမှု ပြုလုပ်

မော်လမြိုင်တွင် မြို့အနှံ့ ရှာဖွေမှု ပြုလုပ်

မော်လမြိုင်မြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖြတ်သန်းသွားလာနေသည့် ကား၊ ဆိုင်ကယ်များကို မြို့အနှံ့လမ်းဆုံ လမ်းထောင့်များတွင် တားဆီးရှာဖွေမှု လုပ်ဆောင်နေသည်။

ယနေ့ မတ်လ ၁၀ ရက်နေ့ (ယနေ့) တွင် မြို့အနှံ့ တားဆီးစစ်ဆေးမှုပြုနေပြီး အဓိက ဖုန်းနှင့် ဆိုင်ကယ် ဘောက်စ် များ ကို ဖွင့်ခိုင်းကာ စစ်ဆေးသည်ဟု ကိုယ်တိုင်စစ်ဆေးခံခဲ့ရသူများက ပြောပြသည်။

“ရဲတွေရော စစ်သားတွေရော ပါတယ်၊ အဓိက ဖုန်းနဲ့ ဆိုင်ကယ်ဘောက်စ် ဖွင့်ခိုင်းပြီးတော့ စစ်ဆေးတယ်၊ တခြားတော့ ဘာမှမပြောဘူး” ဟု အစစ်ဆေးခံခဲ့ရသူတစ်ဦးက ပြောသည်။

မတ်လ ၉ ရက်နေ့ (ယမန်နေ့) ကစပြီး စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူများ စုရပ်လုပ်လေ့ရှိသည့်နေရာနှင့်  ဖြတ်သန်းသွားလာတတ်သည့် လမ်းဆုံနေရာတို့တွင် စစ်တပ်နှင့် ရဲ လုံခြုံရေးရယူထားသည့်အပြင် ဖြတ်သန်း သွားလာသည့် ကားနှင့် ဆိုင်ကယ်များကို တားဆီးရှာဖွေမှု လုပ်ဆောင်ခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြမှုများ မလုပ်ဆောင်နိုင်အောင် မြို့အနှံ့လုံခြုံရေး တင်းကြပ်ထားသည့်အပြင် လမ်းသွားလမ်းလာများအား တားဆီးရှာဖွေနေခြင်းဖြစ်နိုင်သည်ဟု မြို့ခံတို့က ပြောသည်။

“ဆန္ဒပြမှုတွေ မလုပ်နိုင်အောင်လို့ အခုလို စစ်ဆေးတာ ဖမ်းဆီးတာလုပ်နေတယ်လို့ထင်တယ်၊ စစ်ကားတွေ ရဲ ကားတွေကလည်း မြို့ပတ်ပြီးတော့ကို လိုက်ကြည့်နေတာတွေလည်းရှိတယ်၊ လုပ်တာနဲ့ ဖြိုခွင်းတာပဲ၊ နောက် အဖမ်းအဆီးတွေလည်း ရှိလာနေတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

မတ်လ ၁ ရက်နေ့မှစ၍ မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် သထုံ အစရှိသည့် မြို့အဝင်အထွက် နေရာများ တွင် စစ်တပ်နှင့် ရဲ ပူးပေါင်းအင်အားဖြင့် ရှာဖွေ စစ်ဆေးမှုများ စတင် လုပ်ဆောင်လာခဲ့သည်။

အာဏာသိမ်းပြီးနောက် မော်လမြိုင်အပြင် မုဒုံ သံဖြူဇရပ် ရေး သထုံအစရှိသည့် မြို့တို့တွင် လူအင်အားသိန်းနှင့် ချီ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြလာခဲ့ကြသည်။

စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူများကို ရဲနှင့် စစ်တပ်တို့က ဖမ်းဆီးခဲ့ကြသည့်အပြင် လူသေဆုံးသည်အထိ အင်အားသုံး လိုက်လံ ဖြိုခွင်းနေသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုက နေ့စဉ်ရှိ နေသည်။

May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...