သထုံမြို့နယ်တွင် လမ်းသွားလမ်းလာများအား ရဲနှင့်စစ်သားများတားဆီး၍ ဖုန်းများစစ်ဆေး

သထုံမြို့နယ်တွင် လမ်းသွားလမ်းလာများအား ရဲနှင့်စစ်သားများတားဆီး၍ ဖုန်းများစစ်ဆေး

စိုင်းထွန်းစံ - သထုံမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီခန့်က လမ်းသွားလမ်းလာ ပြည်သူများကိုတားဆီး၍ မိုဘိုင်းဖုန်းများအား ရဲနှင့် စစ်သားလုံခြုံရေးတပ်ဖွဲ့ဝင်တို့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ် ပေါ်တော်မူဘုရားလမ်းပေါ်တွင် လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်၊ မော်တော်ကား တို့ကို တာဆီးပြီး မိုဘိုင်းဖုန်းများဖွင့်စေကာ လူမှုကွန်ရက် အသုံးပြုမှုတွေကို လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စစ်ဆေးခံရသူများက ဆိုသည်။

“ဆိုင်ကယ်ရပ်ခိုင်းပြီးတော့ အိတ်ဖွင့်ခိုင်းတယ် ဖုန်းကြည့်လို့ရလားလို့မေးတယ်။ ကျွန်တော်လည်း ပေးလိုက်တယ် အဲ့မှာ ဖုန်းအဝင်အထွက်ခေါ်ဆိုထားတာကိုကြည့်တယ်။ နောက်ဘာကြည့်တာလည်းတော့ မသိဘူး ပြန်ပေးပြီးတော့ သွားခွင့်ပြုလိုက်တယ်” ဟု စစ်ဆေးခံရသူ တစ်ဦးက ပြောသည်။

အလားတူ ကရင်ပြည်နယ် ဘာအံတက္ကသိုလ်အနီးနှင့် ကမ်းနားလမ်းတို့တွင် ရဲနှင့် စစ်တပ်တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ထို့အတူ မော်လမြိုင်မြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့များတွင်လည်း မြို့အဝင်အထွက် ဂိတ်များ၌ ရဲ့နှင့် စစ်သားများက ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို ယခုရက်ပိုင်းအတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အချို့နယ်မြို့များတွင်လည်း လမ်းသွားလမ်းလာများကို တားဆီး၍ ဖုန်းများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က လူဦးရေးသိန်းသန်းနှင့်ချီသော ပြည်လုံးကျွတ် မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီးနောက်တစ်ရက်တွင် မြို့အဝင်အထွက်ဂိတ်များ၌ စစ်သားနှင့်ရဲများ အင်အားတိုးချထားပြီး ခရီးသွားများအား စစ်ဆေးမှုများပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...