တပ်မတော်အာဏာရယူမှုကို ကန့်ကွက်ဆန္ဒပြသည့် တောင်ကုတ်က မိသားစု ရှေ့နေငှားရန် ငွေကြေးခက်ခဲ

တပ်မတော်အာဏာရယူမှုကို ကန့်ကွက်ဆန္ဒပြသည့် တောင်ကုတ်က မိသားစု ရှေ့နေငှားရန် ငွေကြေးခက်ခဲ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူသိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က တပ်မတော်အာဏာရယူမှုကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့် ဦးချစ်မောင်မောင်မှာ ဘေးစီမံဥပဒေပုဒ်မ (၂၅)နှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) တို့ဖြင့် ဖမ်းဆီးတရားစွဲခံရပြီး သူ့မှာ အမှုကိုရင်ဆိုင်ရန် ရှေ့နေငှမ်းရမ်းခ ငွေကြေးအခက်အခဲဖြစ်နေကြောင်း ဇနီးဖြစ်သူ ဒေါ်ချစ်မိုးခိုင်က ပြောသည်။

“ရှေ့နေငှားရမ်းမယ်ဆိုရင် အမှုတစ်ခုကို ငွေကျပ် သိန်း ၁၀ ခန့်အထိ ငှားရမ်းခ ပေးရမယ်။ ကျမတို့မှာ ငွေကြေးအခက်အခဲရှိနေတဲ့အတွက် အကူအညီပေးဖို့ တောင်းဆိုချင်ပါတယ် ” ဟု သူမက ဆိုသည်။

ထိုအမှုကို မတ်လ ၂ ရက်နေ့က ZOOM APP ဖြင့် ပထမအကြိမ် ရုံးထုတ်စစ်ဆဲခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အခုလာမည့် မတ်လ ၁၀ ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မချစ်မိုးခိုင်ကပြောဆိုသည်။

"အခုလာမည့် ၁၀ ရက်နေ့မှာ ရုံးထုတ်မယ် ထပ်ပြီးတော့ ပထမဆုံးအကြိမ်တော့ ဖုန်းနှင့်ရုံးထုတ်တယ်ပြောတယ်။ သူတို့က ရှေ့နေတွေ ဘာတွေ ငှားရမ်းဖို့ပြောတယ်။ ကျမတို့မှာ ရှေ့နေငှားဖို့ ငွေမရှိဘူး အဲဒါကြောင့် ရှေ့နေမငှားရသေးဘူး"

တောင်ကုတ်မြို့နယ်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာရယူသိမ်းပိုက်မှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်၍ အမှုဖွင့်ခံထားရသူ ၆ ဦးထိရှိပြီး ယင်းအထဲမှ ALD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းကိုလည်း ယခုလာမည့် မတ်လ ၁၅ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ALD ပါတီမှ ပါတီဗဟိုအထွေထွေအတွင်းရေးမှူး  ဦးမျိုးကျော်က ပြောသည်။

"ကျနော်တို့ဖက်ကတော့ အခုအတည်းကပင် ပြင်ဆင်ထားတယ်။ ရှေ့နေတွေ အကြံပေးတွေ အမှုစစ်တွေနဲ့လည်း တွေ့နေတယ် "ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ အာဏာရှင်စနစ် အလိုမရှိကြောင်းဆန္ဒဖော်ထုတ်ခဲ့သဖြင့် အမ်းမြို့နယ်မှ (၇)ဦး၊ တောင်ကုတ်မှ (၉)ဦး၊ မာန်အောင်မှ (၂)ဦးနှင့် သံတွဲမှ (၄) ဦး စုစုပေါင်း ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

ယင်းအထဲမှ အမ်းမြို့နယ်မှ ၇ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ၊ ငြိမ်းစုစီဥပဒေတို့ဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် အမ်းမြို့နယ်တရားရုံးမှ တစ်ဦးလျှင် ငွေဒဏ်ရှစ်သောင်းကျပ်စီ အမိန့် ချမှတ်ခဲ့သည်။

အမ်းမြို့တွင် ဆန္ဒပြရာ၌ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ချို့အား ဖမ်းဝရမ်းထုတ်ထားသည့်အတွက် ရှောင်တိမ်းနေကြကြောင်း အမ်းဒေသခံများထံမှ သိရသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...