ရခိုင်ကျောင်းသား ၄ ဦး ဘေးစီမံဥပဒေဖြင့် ထပ်မံတရားစွဲခံရ

ရခိုင်ကျောင်းသား ၄ ဦး ဘေးစီမံဥပဒေဖြင့် ထပ်မံတရားစွဲခံရ

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောင်းသား ၄ ဦးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ပထမအကြိမ်ရုံး ထုတ်ခဲ့သည်။

ရုံးထုတ်ရာတွင် ၎င်းတို့ ၄ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မအပြင် ဘေးစီမံဥပဒေပုဒ်မ (၂၉) ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေက တရားလိုပြုလုပ်ကာ တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

“ ကျော်နိုင်ဌေးပါလေးဦး ၅၀၅(ခ)နဲ့ အမှုကို (CMP)လုပ်တယ်။ ပြီးတော့ ဒီနေ့မှာ ကျော်နိုင်ဌေးပါလေးဦးကို အမှုတစ်ခုထပ်လို့ တိုးလိုက်တယ်။ အဲဒီအမှုကိုကိုလည်း အမှုစီမံခန့်ခွဲမှုလုပ်ခဲ့တယ်” ဟု ဦးကျော်ညွှန့်မောင်က ဆိုသည်။

တရားစွဲဆိုခံရသူများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) မှ ကိုကောင်းထွန်း တို့ဖြစ်သည်။

၎င်းတို့လေးဦးကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင် လှည့်လည်ကာ စစ်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခဲ့သဖြင့် စစ်တွေမြို့မရဲစခန်းမှ ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ)ဖြင့် တရားစွဲခံထားရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် တရားစွဲဆိုခံထားရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူထဲမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့နှစ်ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေ မှုပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉၊ ဘေးစီမံဥပဒေပုဒ် (၂၉) စသည့် ပုဒ်မသုံးခုဖြင့် တရားရင်ဆိုင်ရမည် ဖြစ်သည်။

“သူတို့ကလည်း သူတို့အလုပ်ကို လုပ်တာဖြစ်တယ်ပေါ့။ ကျွန်တော်တို့ (ရကသ) အနေနဲ့လည်း ပုံမှန်လုပ်နေကြအတိုင်း၊ ကျွန်တော်တို့အလုပ်ကို ဆက်ပြီးလုပ်ဆောင်သွားမှာဖြစ်တယ်။ ကျွန်တော်တို့ တိုက်ပွဲမှာ ဒီမိုကရေစီအာဏာရှင်ပဲဖြစ်ဖြစ်၊ စစ်အာဏာရှင်ပဲဖြစ်ဖြစ် ကျွန်တော်တွန်းလှန်သွားမယ်”ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

လက်ရှိတရားစွဲဆိုခံထားရသည့် ကျောင်းသားများအမှုနှင့်ပတ်သက်၍ (CMP) အပြီးသတ် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ရန်အတွက် လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...