ရခိုင်ရှေးဟောင်းငွေဒင်္ဂါး(၄၁)ပြား ရှေး/သုသို့ အပ်နှံသူများကို စနဲမြို့တွင် ပြည်နယ်အစိုးရမှဆုငွေချီးမြှင့်

ရခိုင်ရှေးဟောင်းငွေဒင်္ဂါး(၄၁)ပြား ရှေး/သုသို့ အပ်နှံသူများကို စနဲမြို့တွင် ပြည်နယ်အစိုးရမှဆုငွေချီးမြှင့်
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ကံပြင်စုရပ်ကွက်မှ ဦးခင်မောင်ရွှေနှင့် ဇနီး ဒေါ်မရွှေကြည်တို့အား သူတို့ ရရှိခဲ့သော ရှေးဟောင်းငွေရခိုင်ဒင်္ဂါး(၄၁)ပြားကို မြောက်ဦး ရှေးဟောင်းသုသို့ အပ်နှံခဲ့သဖြင့် ရခိုင်ပြည်နယ် အစိုးရမှ ကျပ် ၁၂ သိန်း ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းချီးမြှင့် ပေးအပ်ပွဲကို စနဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးညိမ်းလွင်နှင့် စနဲမြို့အုပ်ချုပ်ရေးမှူး ဦးစိုးထက်လှိုင်မှ ပြည်နယ်အစိုးရကိုယ်စား ပေးအပ်ခဲ့ကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူ စနဲမြို့မှ ဦးအောင်တင်ဝင်း ကပြောသည်။

ဦးခင်မောင်ရွှေ၏ ဇနီး ဒေါ်မရွှေကြည်သည် စနဲမြို့ ပြင်စုဘုန်းတော်ကြီးကျောင်းနောက်ဘက် သိမ်တောင်ကြီး တောင်ပေါ်တွင် ၀က်ဝဲဥ သွားရောက်တူးရာမှ ဇန်နဝါရီလ(၈)ရက်နေ့က ရှေးဟောင်း ငွေရခိုင်ဒင်္ဂါး(၄၁)ပြား ရရှိခဲ့သည်။

ထိုရှေးဟောင်း ရခိုင်ဒင်္ဂါးပြား(၄၁)ပြားသည် မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော ငွေဒင်္ဂါးများ ဖြစ်ကြပြီး မင်းဆက်တစ်ခုတည်း၏ အမည်မဟုတ်ဘဲ မင်းဆက်(၈)ခုပါ၀င်ကြောင်း ဦးအောင်တင်ဝင်း ကပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...