ရခိုင်ပြည်နယ်ရှိ မြို့နယ် ၆ ခုတွင် USIAD၏ ပံ့ပိုးမှုဖြင့် REC မှ ဦးဆောင်ကာ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှု ပြုလုပ်နေ

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၆ ခုတွင် USIAD၏ ပံ့ပိုးမှုဖြင့် REC မှ ဦးဆောင်ကာ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှု ပြုလုပ်နေ

ဇော်ဝင်းဌေး — USAID၏ ပံ့ပိုးမှုဖြင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC)မှ ဦးဆောင်ကာ ရခိုင်ပြည်နယ်ရှိ မြို့နယ် ခြောက်မြို့နယ်တွင် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှု ပြုလုပ်လျှက်ရှိသည်ဟု သတင်းရရှိသည်။

မြို့နယ် ၆ ခု ဖြစ်ကြသည့် မင်းပြား၊ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ဘူးသီးတောင်နှင့် မြောက်ဦးတို့တွင် အသိပညာပေးမှုများ ပြုလုပ်လျှက်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး( REC)အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက နိရဉ္စရာသို့ ပြောသည်။

“လောလောဆယ်ကတော့ မြို့နယ်( ၆) ခုတည်းပါ။ ဒီနှစ် ၊ ဒီတစ်ကြိမ်တည်းမဟုတ်ဘဲ ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့လည်း ရှိတယ်။နောက်ထပ်အသိပညာ ပေးနိုင်ဖို့အတွက်လည်း  ပြင်ဆင်မှု လုပ်ထားပါတယ်” ဟုပြောသည်။

အဆိုပါ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုစီမံကိန်း၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုများအနေဖြင့် မိုင်းအန္တရာယ်အကြောင်း ပိုမိုသိရှိလာရန် ဖြစ်ကြောင်း သိရသည်။

“ ကျေးရွာ လူထုတွေ သွားလာနေတဲ့ နေရာတွေနဲ့ ရွာအနီးအနားမှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေ ရှိနိုင်တယ်။ စစ်လက်နက်ပစ္စည်းတွေကို ထုကြည့်၊ ကိုင်ကြည့်လို့ သေသွားတဲ့ လူတွေလည်း ရှိတယ်။ အချိန်မရွေးလည်း ပေါက်ကွဲနိုင်သေးတယ် “ ဟုလည်း ပြောသည်။

စစ်တွေ အပါအဝင် မောင်တော ၊ ပေါက်တောနှင့်  မြေပုံစသည့် မြို့နယ်များမှာလည်း မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ တိုးချဲ့လုပ်ဆောင်သွားမည့် အစီအစဉ်ရှိကြောင်းလည်း သူက ဆက်ပြောသည်။

အဆိုပါ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုစီမံကိန်း၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုများအနေဖြင့် မိုင်းအန္တရာယ်အကြောင်း ပိုမိုသိရှိလာရန် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုပြုလုပ်နေသည့်  မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုစီမံကိန်းကို The HALO Trustအဖွဲ့က နည်းပညာအားဖြင့် ထောက်ပံ့ပေးထားပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ခဲ့ကာ ၂၀၂၁ခုနှစ် မတ်လကုန်ထိ သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် မိုင်းနှင့် အခြားသော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ၂ နှစ်တာ ကာလအတွင်း သေဆုံးသူ ၃၄ ဦး နှင့် ဒဏ်ရာရရှိသူ ၆၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...