We Want Democracy၊ We Want Justice စာတမ်းကို အင်းတော်ကြီးကန် ရေလယ်တွင် လူငယ်များရေထိုး

We Want Democracy၊ We Want Justice စာတမ်းကို အင်းတော်ကြီးကန် ရေလယ်တွင် လူငယ်များရေထိုး

အင်းတော်ကြီးကန်ရေလယ်တွင် We Want Democracy၊ We Want Justice ဆိုသည့် စာတမ်းများကို အင်းတော်ကြီးဒေသ နန့်မွန်းလူငယ်များကရေထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာတမ်းကို အင်းတော်ကြီး ရွှေမဥ္ဇူရေလည်ဘုရားအနီးတွင် မတ် ၁ ရက် နေ့လည်ပိုင်းက လူငယ်များက ရေးထိုးခဲ့ခြင်းဖြစ်သည်။

အင်းတော်ကြီးကန်ဟာ မြန်မာနိုင်ငံတွင် အကြီးဆုံးရေချိုအိုင်တစ်ခုဖြစ်ပြီး အင်းပတ်ပတ်လည်ရွာပေါင်း ကျေးရွာအုပ်စု ၁၁ စုရှိကာ ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ကြသောဒေသတစ်ခုဖြစ်သည်။

အင်းတော်ကြီးဒေသသည် ရှမ်းနီလူမျိုးအခြေခံ နိုင်ငံရေးပါတီတွေအားကောင်းခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းနီပါတီမှအများစုအနိုင်ရရှိခဲ့သော်လည် မဲရုံများစုပေါင်းပြီး မဲရေတွက်ရာတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက် မဲရလဒ်များကြိလှစ်လှူရှ့ကာ စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင် အအင်းတော်ကြီးဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများလည်း ဖေဖော်ဝါရီ ၈ ရက်ကတည်းက ယနေ့ထိ ပြုလုပ်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...