ရသေ့တောင်မြို့နယ် ကျောက်စာတိုင်မှ ပျောက်ဆုံးနေသူနှစ်ဦး အလောင်းတွေ့ဟု သတင်းဖြစ်ပေါ်

ရသေ့တောင်မြို့နယ် ကျောက်စာတိုင်မှ ပျောက်ဆုံးနေသူနှစ်ဦး အလောင်းတွေ့ဟု သတင်းဖြစ်ပေါ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာမှ ပျောက်ဆုံးနေသူ နှစ်ဦး၏ အလောင်းကိုတွေ့သည်ဟု သတင်း ဖြစ်ပေါ်နေသဖြင့် အဆိုပါနေရာသို့ ကျေးရွာသားများက လိုက်ပါသွားကြသည်ဟု သိရသည်။

“ ကျွန်တော်တို့ အခု အဲဒီနေရာကို သွားနေကြပါတယ်။ ကိုးတန်ကောက်ကျော်လမ်း ချောင်းဝမှာ အလောင်းတွေ့တယ်လို့ သတင်းရလို့ အဲဒီနေရာကို သွားနေပါတယ်။ အဲဒီနေရာကို ရောက်ရင် ဖုန်းပြန်ဆက် အကြောင်းကြားပေးပါမယ်” ဟု ကျောက်စာတိုင်ရွာသား မောင်ဝင်းတင်က နိရဥ္စရာသို့ ပြောသည်။

ကျောက်စာတိုင်ရွာမှ ပျောက်ဆုံးနေသူ နှစ်ဦးမှာ ဦးသံဒိုင် (၅၅) နှစ်နှင့် ဦးမောင်အေးသာ(၆၂) နှစ်တို့ ဖြစ်ကြပြီး ဧပြီလ ၂၃ ရက်နေ့ ကတည်းက ပျောက်ဆုံးနေခြင်း ဖြစ်သည်။

“ သူတို့ နှစ်ဦးက လွန်ခဲ့တဲ့ စနေနေ့ကတည်းက ပျောက်သွားတာပါ။ မေယူတောင်ထဲမှာ ခရုကောက်ဖို့သွားရာကနေ ပျောက်ဆုံးနေတာပါ။ အခု ကျွန်တော်တို့ တွေ့လို တွေ့ငြားရှာနေတာ တစ်ရက် နှစ်ရက်ရှိပါပြီ။ အခုတော့ အလောင်းကို ကိုးတန်ကောက် တောင်ကျော်လမ်း ချောင်းဝမှာ တွေ့တယ်ဆိုတဲ့ အတွက် အဲဒီနေရာကိုသွားနေပါတယ်” ဟု ပြောကြားသည်။

သို့သော် ယခု အလောင်းရှိသည့်နေရာကို ရွာသားများသွားရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ တစ်ဦးတစ်ယောက်မှ မပါ၀င်ကြောင်း၊ မေယူတောင်ထဲကို ရဲများ တစ်ဦးစနှစ်ဦးစဖြင့် မဝင်ဝံ့ကြောင်း သူက ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကိုးတန်ကောက်ကျေးရွာသို့ ဆက်သွယ်ရာ ကျေးရွာသား တစ်ဦးဖြစ်သူ ဦးဖိုးသာထူးက “ အလောင်းတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့တာ မဟုတ်ဘူး။ ကုလားရွာသား တစ်ယောက်က အလောင်းတွေ ချောင်းမှာတွေ့တယ်လို့ ပြောတဲ့ အတွက် အခုလို သတင်း ဖြစ်နေတာပါ။ ဘယ်နေရာမှာလဲ ဆိုတာ အတိအကျ မသိရသေးဘူး။ ကျွန်တော်တို့ ရွာသားတွေလည်း တောင်ထဲကို မသွားရဲဘူး။ ကျွန်တော်တို့မှာက ဓါးဘဲရှိတယ်။ တောင်ထဲမှာရှိတဲ့ ဟိုကောင်တွေမှာ ဘာတွေရှိတယ်ဆိုတာကို မသိနိုင်တဲ့ အတွက် မသွားရဲတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

သို့သော်လည်း ကိုးတန်ကောက် စခန်းမှ အလောင်းကို တွေ့သည်ဆိုခြင်းကို သတင်းထားရပြီ ဖြစ်ကြောင်း၊ ယမန်နေ့က ကျောက်စာတိုင်ရွာသို့ ရဲအဖွဲ့မှ အမှုနှင့် ပတ်သက်ပြီး လာရောက် စစ်ဆေး မှတ်တမ်းယူသွားသည်ဟု ကျေးရွာသားများက ပြောကြားသည်။

မေယူတောင်ထဲတွင် လွန်ခဲ့သော လအနည်းကလည်း ခရုရှာသွားသည့် မြိုကျောင်းဆရာတစ်ဦးကို အကြမ်းဖက်အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ပစ်ခဲ့သလို ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ရွာမှ ရွာသားတစ်ဦးကိုလည်း ဘင်္ဂလီ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့မှ ဓါးဖြင့် ခုတ်သတ်ပစ်ခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...