စေတီပြင် ဗလီကို မီးရှို့ပြီး ပြဿာနာ ဖြစ်အောင်ဖန်တီးသူများကို အရေးယူရန် တောင်းဆို

စေတီပြင် ဗလီကို မီးရှို့ပြီး ပြဿာနာ ဖြစ်အောင်ဖန်တီးသူများကို အရေးယူရန် တောင်းဆို
by -
နိရဥ္စရာ
မီးလောင်ရာသို့ရောက်ရှိလာကြသည့် လူအုပ်ကို တွေ့ရစဉ်
မီးလောင်ရာသို့ရောက်ရှိလာကြသည့် လူအုပ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာရှိ ဗလီအတွင်းတွင် မီးရှို့သည့် ဖြစ်စဉ် တစ်ခု ယမန်နေ့ ညဥ့်အချိန် ဖြစ်ပွားခဲ့ရာ ၎င်းမီးရှို့ပြီး ပြဿနာ ဖြစ်အောင် ဖန်တီးသူများကို အရေးယူရန် စေတီပြင် ကျေးရွာသားများက တောင်းဆိုလိုက်သည်။

“ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒီမီးက ပေါ့ဆမီးလား၊ တမင်ရှို့တာလားဆိုတာကို ကျွန်တော်တို့ ခေါ်ယူစစ်ဆေးနေပါတယ်” ဟု စေတီပြင် နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ ပြောကြားသည်။

စေတီပြင် ကျေးရွာသားများက ယခုမီးသည် ကျေးရွာအတွင်းရှိ ရခိုင်လူမျိုးများအား တမင် အပြစ်ရှာရန်နှင့် ပြဿနာ ကြီးထွားရန် မသမာသူ ဘင်္ဂလီ တစ်ချို့မှ အကောက်ကြံ ပြုလုပ်ခြင်း ဖြစ်သဖြင့် ၎င်းသူများကို ဖော်ထုတ် အရေးယူပေးရန် နယ်ခြားစောင့်တပ် တာဝန်ရှိသူများကို ၀ိုင်းဝန်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီခွဲခန့်အချိန်တွင် စေတီပြင်ကျေးရွာရှိ ဗလီအတွင်းမှ မီးခိုးလုံးများ ထွက်ပေါ်လာသည့် အတွက် ဒေသခံများက မီးကို ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရကြောင်း၊ မီးမှာ အပြင်က လောင်ခြင်းမဟုတ်ဘဲ ဗလီတွင်းမှ စတင်လောင်ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောကြားသည်။

အခင်း ဖြစ်ပွားရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက ” သူဗလီတက်ပြီး ဆီမီးထွန်းရာကနေ ဖြစ်တာလို့ သိရပါတယ်။ စာအုပ်တချို့နဲ့ ခုံတစ်လုံး မီးလောင်သွားခဲ့ပါတယ်။ နယ်ခြားစောင့်ရဲ ရောက်လာတဲ့ အခါ ဘင်္ဂါလီတွေမီးငြိမ်းလိုက်လို့ မီးငြိမ်းသွားပြီ” ဟု နိရဥ္စရာသို့ပြောသည်။

ယခု မီးလောင်သတင်းမှာ ချက်ချင်း နိုင်ငံတကာရှိ ဘင်္ဂလီ လော်ဘီအုပ်စုများသို ့ ပြန့်နှံ့ ရောက်ရှိ သွားပြီး ရိုနယ် နေဆန်းလွှင်ဆိုသူက “ ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာက ဗလီဝတ်ကျောင်းတော်ကို ရခိုင် အစွန်းရောက်အချို့က ဒီနေ့ည ၉း၃၀ နာရီမှာ မီးရှို့လိုက်တယ်။ မီးဝိုင်းငြိမ်းတဲ့ ရိုဟင်ဂျာရွာသားတွေကို ဗလီအပြင်ကနေ ရခိုင်အစွန်းရောက်တွေက ၀ုိင်းထားတဲ့အတွက် ဗလီထဲမှာ ပိတ်မိနေတယ်လို့ သိရတယ်” ချက်ချင်း သတင်း အမှား ထုတ်လွှင့်ခဲ့သည်။

အသေးစိတ် အကြောင်းအရာ တစ်စုံတစ်ရာ မသိရဘဲ ချက်ချင်း ယခုလို မျိုး သတင်းထုတ်ပြန်ခြင်းသည် ပြဿနာကို ပိုမိုကြီးထွားအောင် လုပ်ခြင်း ဖြစ်သဖြင့် ယခုမီးလောင်မှုမှာ အကွက်ကျကျ စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း စေတီပြင် ရွာသား ဦးမောင်အေးညွှန့်က ပြောသည်။

စေတီပြင်ရှိ ဗလီအတွင်းတွင် ယခင်ကလည်း မီးလောင်မှု ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာမှ အစောင့်အရှောက်များထားရှိပြီး စောင့်ကြပ်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...