အိုးဖောက်ရွာတွင် အမျိုးသမီးတစ်ဦး ညဉ့်အချိန် ဓါးဖြင့် တိုက်ခိုက်ခံရ၍ ရသေ့တောင်ဆေးရုံတွင် တင်ထားရ

အိုးဖောက်ရွာတွင် အမျိုးသမီးတစ်ဦး ညဉ့်အချိန် ဓါးဖြင့် တိုက်ခိုက်ခံရ၍ ရသေ့တောင်ဆေးရုံတွင် တင်ထားရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အိုးဖောက် ကျေးရွာတွင် ရခိုင်အမျိုးသမီး တစ်ဦး ဓါးဖြင့် တိုက်ခိုက်ခံရသဖြင့် ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

njr2604၎င်းအမျိုးသမီးမှာ ဒေါ်ဖြူမကြီး (၂၈) နှစ် ဖြစ်ကြောင်း၊ သူမ၏ လင်ယောကျင်္ား ဖြစ်သူမှာ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ အိမ်မှာရွာလယ်တွင် တည်ရှိပြီး မုန့်တီရောင်းစားနေသူ အမျိုးသမီးဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောကြားသည်။

ဖြစ်ပျက်ပုံမှာ ယနေ့ ညဉ့် ၁ နာရီခန့်က မဖြူကြီးနှင့် သူမ သမီးဖြစ်သူနှင့် သားဖြစ်သူတို့ အိပ်ပျော်နေစဉ် မျက်နာဖုံးစွပ်ထားသော လူနှစ်ဦးမှ ၀င်ရောက်လာပြီး အိမ်တွင် ရှိသော ပစ္စည်းများကို ပေးအပ်ရန် ဗမာစကားဖြင့် တောင်းဆိုကြောင်း၊ ကလေးငယ်များတွင် ၀တ်ထားသော နားဋောင်းများကို ချွတ်၍ ယူကြောင်း၊ ကလေးငယ်များ၏ လည်ပင်းတွင် ညိုမဲဒဏ်ရာများ ရရှိသွားကြောင်း၊ ဒေါ်မဖြူကြီးမှ သူ့တွင် မည်သည့် ပစ္စည်းမှ မရှိကြောင်း၊ ဒေါ်ဖြူမကြီမှ အိမ်ပြင်သို့ ထွက်ရန် ကြိုးစားပြီး ကလေးငယ်နှစ်ဦးအားထွက်ပြေးရန် ခိုင်းသဖြင့် ကလေးငယ် နှစ်ဦးထွက်ပြီး လွတ်မြောက်သွားကြောင်း၊ ၎င်းနောက် သူမအား ၎င်းလူနှစ်ဦးမှ အိပ်ရာခင်းဖြင့် ချည်နှောင်ပြီး လည်ပင်းကို လှီးကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောကြားသည်။

“ ဒဏ်ရာကတော့ လည်ပင်းမှာ ရှေ့က တစ်ချက် ရပါတယ်။ လေးလက်မ အရှည်ရှိပါတယ်။ လည်ပင်းနောက်ဘက်က နှစ်ချက်ရပါတယ်။ ၃ လက်မ ရှိပါတယ်။ အခု ရသေ့တောင် ဆေးရုံကို ရောက်နေပါပြီ။ ဒဏ်ရာတွေကို ခြုပ်ထားပြီးပါပြီ။ စိုးရိမ်စရာတော့ မရှိတော့ပါ” ဟု ဦးကျော်ခိုင် ဆက်ပြောသည်။

ဒေါ်ဖြူမကြီးအား သေပြီဟု ဆိုကာ ထားခဲ့ပုံရကြောင်း၊ သို့သော်လည်း သူမမှာ ဒဏ်ရာဖြင့် အိမ်အနီးရှိ မိဘအိမ်သို့ ရောက်အောင် ပြေးလာခဲ့ကြောင်း၊ အိမ်တွင် မိဘများ မရှိဘဲ မောင်ငယ် တစ်ဦးသာ အိပ်၍ ရှိကြောင်း၊ ဘေးနားအိမ်များသို လှမ်းအကူအညီ တောင်းရာမှ သိရှိခြင်း ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။

ဒေါ်ဖြူမကြီးအား တိုက်ခိုက်သွားသူ နှစ်ဦးကို လက်ရှိအချိန်တွင် စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

ရသေ့တောင်မြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း၊ လည်ပင်း ညာဘက်ခြမ်းတွင် ဒဏ်ရာ တစ်ချက်၊ နှစ်ကျောဘက် လည်ပင်းတွင် သုံးလက်မခန့် ဒဏ်ရာရရှိကြောင်း၊ ယခုအမှုမှာ အမှတ်(၃) နယ်ခြားစောင့် နယ်မြေ ဖြစ်သဖြင့် ယင်း နယ်ခြားစောင့် စခန်းမှ အမှုဖွင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူများမှာ ဗမာစကားကို မပီကလာ၊ ပီကလာ ပြောဆိုသည်ဟု သိရကြောင်း တာဝန်ကျ ဒုစခန်းမှူးက ပြောကြားသည်။

 

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...