၆ လခန့်ရပ်နားထားခဲ့ရသည့် အမြန်ရေယာဉ်များကို ပြေးဆွဲခွင့်ပြု

၆ လခန့်ရပ်နားထားခဲ့ရသည့် အမြန်ရေယာဉ်များကို ပြေးဆွဲခွင့်ပြု

ရခိုင်ပြည်နယ်တွင် Covid-19 ကြောင့် ၆ လခန့်ရပ်နားထားခဲ့ရသည့် ရေကြောင်းအမြန်ရေယာဉ် ခရီးစဉ်များကို ယနေ့မှစတင်၍ ပြေးဆွဲခွင့်ရရှိပြီဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက အမြန်ရေယာဉ် အဖွဲ့ဝင်များနှင့် ရေကြောင်းဦးစီးအဖွဲ့များကို ယနေ့ နေ့လည်ပိုင်းတွင် အစည်းအဝေးခေါ်ယူပြီး အမြန်ရေယာဉ်များကို ပြေးဆွဲခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ထွက်မယ်ဆိုလည်း ထွက်လို့ရတယ်လို့ပြောတယ်။ လောလောဆယ်တော့ ကျနော်တို့ရွှေပြည်တန် အမြန်ရေယာဉ်ကျရင် စစ်တွေ-ပေါက်တော-မင်းပြား-မြောက်ဦးကို မနက်ဖြန်မှာ စထွက်မယ်လို့ အစီအစဉ် ချထားတယ်။ နောက်ထပ်ခရီးစဉ်တွေကိုတော့ အစီအစဉ်ချနေတယ်” ဟု ဦးစံမော်သိန်းက ဆိုသည်။

အမြန်ရေယာဉ်ပြေးဆွဲမည်ဆိုလျှင် ရေယာဉ်ဝန်ထမ်းများ၊ ခရီးသည်များအားလုံးကို Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ အပူချိန်တိုင်းခြင်းနှင့် ခုံတစ်ခုံခြားစနစ်ဖြင့် ပြေးဆွဲရမည်ဟု ညွှန့်ကြားခဲ့ကြောင်း သိရသည်။

“အခုချိန်မှာဆိုရင် ခရီးသည်တွေအားလုံး သွားလာမယ့် အခက်အခဲတွေရှိနေကြတယ်။ ကြုံရာ ဘုတ်တွေ ကားတွေနဲ့ သွားလာနေကြတယ်။ အခုအမြန်ရေယာဉ်ဖွင့်ပြီးဆိုတော့ ခရီးသည်ဈေးသက်သက်သာသာနဲ့ အဆင်ပြေသွားမယ်ပေါ့။ ၆ လခန့်ရပ်နားထားတဲ့ အမြန်ရေယာဉ်တွေကလည်းအဆင်ပြေသွားမယ်ပေါ့” ဟု ဦးစံမော်သိန်းက ပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ်မှ ပြေးဆွဲလျှက်ရှိသည့်လမ်းကြောင်းများမှာ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ- ကျောက်နီမော်၊ စစ်တွေ-တောင်ကုတ်-မာန်အောင်၊ စစ်တွေ-ပေါက်တော-မင်းပြား၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်တို့ဖြစ်ကြသည်။

အမြန်ရေယာဉ်များကို ကိုဗစ်ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၁ ရက်နေ့က စတင်ရပ်နား ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရေကြောင်းခရီးစဉ်များပြေးဆွဲနိုင်ရန် ပြည်နယ်စီမံအုပ်ရေး ကောင်စီထံ တင်ပြခဲ့ခြင်းဖြစ်သည်။

May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...