မြောက်ဦးတွင် သွန်းလုပ်သော ဦးဥတ္တမကြေးသွန်းရုပ်တု ကျောက်ဖြူသို့ ယူဆောင်မည်

မြောက်ဦးတွင် သွန်းလုပ်သော ဦးဥတ္တမကြေးသွန်းရုပ်တု ကျောက်ဖြူသို့ ယူဆောင်မည်
by -
နိရဥ္စရာ
ကျောက်ဖြူမြို့ ဦဥတ္တမပန်းခြံတွင် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုထားရှိမည့် ဆရာတော် ဦးဥတ္တမ ကြေးသွန်း ရုပ်တု သွန်းလုပ်မှုမှာ ပြီးစီးသွားပြီ ဖြစ်သဖြင့် လာမည့် ဧပြီလ(၂၈)ရက်နေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိလာတော့မည်ဟု သတင်းရရှိသည်။

oaktamaဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်ထုတော်ကို ဧပြီလ(၂၆)ရက်နေ့တွင် မြောက်ဦးမြို့မှ ပင့်ဆောင် မည်ဖြစ်၍ ဧပြီလ(၂၈)ရက်နေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိမည်ဟု ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုအောင်စောသိန်း ကပြောသည်။

‘‘ဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်ထုတော်ကို မြောက်ဦးမြို့မှာ သွန်းလုပ်နေတာ ပြီးစီးနေပါပြီ။ ဧပြီ ၂၈ ရက်နေ့ရောက်ပါမယ်။ ပန်းခြံမှာ တည်ထားဖို့အတွက် ပြင်ဆင်စရာတွေရှိသေးတယ်။ ကြေးသွန်း ရုပ်တုတော်ကို လောလောဆယ် သာသနာ့ဗိမန်မှာပဲ ထားဖို့ရှိပါတယ်’’ဟုပြောသည်။

ဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်ထုတော်သည် ကြေးပိသာချိန်(၁၀၀)ရှိပြီး လက်ခ ကုန်ကျငွေ ကျပ်သိန်း (၁၀၀)ရှိကြောင်း၊ ကျောက်ဖြူ မြို့သူမြို့သားများမှ စုပေါင်း ထည့်ဝင်ငွေဖြင့် သွန်းလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...