မြိုစာပေတီထွင်မှုနဲ့ သင်ကြားတတ်မြောက်ရေး ဆရာဖြစ်သင်တန်းပို့ချ

မြိုစာပေတီထွင်မှုနဲ့ သင်ကြားတတ်မြောက်ရေး ဆရာဖြစ်သင်တန်းပို့ချ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် မြိုစာပေ ဆရာဖြစ်သင်တန်း တစ်ခုကို သင်တန်းသား ရ၅ ဦးနှင့် အတူ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သတင်း ရရှိသည်။

၎င်းသင်တန်းကို မြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ မြို့သစ်ရပ်ကွက်တွင် ဧပြီလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ (၁၁) ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း မြိုစာပေနှင့် ယဉ်ကျေးမှု အတွင်းရေးမှူး ဦးကျော်မြက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မြိုတိုင်းရင်းသားများ အနေဖြင့် ယခင် ကိုယ်ပိုင် စာပေ အက္ခရာ ယခင်က မရှိခဲ့သဖြင့် မြိုစာပေ ပေါ်ပေါက်လာပုံသမိုင်းကို မေးမြန်းရာ မြိုစာပေနှင့် ယဉ်ကျေးမှု အတွင်းရေးမှူး ဦးကျော်မြက ယခုလို ရှင်းလင်းပြောကြားသည်။

“ ဒီမြိုစာကို ကျွန်တော်တို့ ၁၉၉၆ ခုနှစ်က SIL လို့ ခေါ်တဲ့ Summer Insitute of Language State မှ အမေရိကန် လူမျိုး ဒေါက်တာ ကက်နက်အယ်ဒီဆင်ကနေပြီးမှ မြိုစာပေကို တီထွင်နိုင်ဖို့ အတွက် ကျွန်တော် မြိုလူမျိုး ဖြစ်တဲ့ ဆရာကျော်သာအောင်မှနေ စကားလုံး အလုံး ၁၀၀၀ ခန့်ကို ကတ်ဆက် တိတ်ခွေနဲ့ အသံဖမ်းပြီး မှ ဒါကို ဘာသာစကားပညာရှင် ကက်နက်အယ်ဒီဆင်က ဒီဟာကို ပြန်ကြည့်ပြီးမှ Language state Formative နဲ့ ရေးပါတယ်။ ရေးတဲ့အရာထဲမှာ သူတို့က မြိုအက္ခရာ Auotography ကိုထုတ်ပေးတာ ဖြစ်ပါတယ်။ အဲဒါ ၁၉၉၆ ခုနှစ်ဖြစ်ပါတယ်။ အဲဒီကစပြီး ဆရာကျော်သာအောင်ကနေမှ သူတို့ရဲ့ လမ်းညွှန်မှု၊ကြီးကြပ်မှု၊ သွန်သင်မှု အတိုင်းဘဲ ဒီ မြိုစာပေကို တီထွင်ပြီးတော့ ကျွန်တော် ၁၉၉၇ ခုနှစ် ၂ လပိုင်းလောက်မှ Primer ဖတ်စာကို ဂျာမဏီအမျိုးသမီး ဆရာမကြီး ဒေါက်တာ ဟယ်လာကာနဲ့ ပူးပေါင်းပြီး ဖတ်စာကို ထုတ်ပြီးမှ ပြည်သူကို ချပြပါတယ်။ ချပြပြီးတဲ့ နောက်ပိုင်း ဒီစာကို မြိုလူမျိုးတွေ လက်ခံနိုင်တယ်။ အရင်က ဗမာလို့ ရေးလို့ မရနိုင်တဲ့ စကားလုံးတွေကို ရပြီ၊ ဒီလို ရေးလို့ ရပြီ ဆိုပြီးမှ အသိအမှတ်ပြုတဲ့ အတွက် ဆက်လက် လုပ်ကိုင်နိုင်ဖြစ်ပါတယ်” ဟု ပြောသည်။

မြိုစာပေကို အင်္ဂလိပ် အက္ခရာပေါ်တွင် အခြေခံ တီထွင်ထားခြင်း ဖြစ်ပြီး အခုအခါ မြိုစာပေ ပြန့်ပွားရေး အတွက် သင်တန်း ၁၆ ကြိမ် ပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“ အခု ဒီတစ်ခေါက် မြိုဆရာ အဖြစ်သင်တန်းက ၁၆ကြိမ်မြောက် ဖြစ်ပါတယ်။ ပီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အထိ ကျေးရွာပေါင်း ၁၀၀ ထက်မနည်းမှာ နွေရာသီ သင်တန်း အနေနဲ့ ပို့ချတာ ရှိပါတယ်။ ဒီ ၂၀၁၃ ခုနှစ် ကနေပြီး KG Curriculum ရေးဆွဲရေး အဖွဲ့မှာ UNICEF နဲ့ ပညာရေးဝန်ကြီးဌာန သင်ရိုးညွှန်းတန်း ရေးဆွဲရေး အဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်တာ ၂၀၁၆ ဒီဇင်ဘာလမှ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ နွေရာသီ သင်တန်းတွေကို အခု စပြီး လုပ်ဆောင်နေပါတယ်” ဟု ဦးကျော်မြက ပြောဆိုသည်။

မြိုစာပေကို ကျယ်ကျယ်ပြန့်ပြန့်အောင် သင်ကြားနိုင်ရေး အတွက် ၂၀၁၃ ခုနှစ်က ပညာရေးဝန်ကြီး ဌာနနှင့် ချိတ်ဆက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လ ၂၃နှင့် ၂၄ မှာ နေပြည်တော်တွင်လည်း တိုင်းရင်းသား စာပေ ယဉ်ကျေးမှု ဦးစီးဌာနဲ့ တွေ့ဆုံပြီး မြိုကလေးများရှိသည့် အစိုးရကျောင်းများနှင့် နွေရာသီတွင် မြိုစာပေကို သင်ကြားရန် တင်ပြ ဆွေးနွေးထားကြောင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး နိုင်သက်လွှင် ယခုမျိုးဆောင်ရွက်နိုင်အောင် ပြောထားမှုများရှိကြောင်း သူက ဆက်လက် ပြောကြားသည်။

မြိုစာပေသည် မြိုလူမျိုးတို့ အတွက် အလွန်အရေးကြီးကြောင်း၊ မြိုစာပေကို မတီထွင် အသုံးမပြုနိုင်ပါက နောင်တွင် မြိုလူမျိုး ပျောက်ကွယ်သွားနိုင်သဖြင့် ဤမြိုစာပေမှာ အလွန်အရေးကြီးကြောင်း ဦးကျော်မြက နိရဥ္စရာသို့ ပြောဆိုသည်။

ယခု မြောက်ဦးမြို့တွင် ဖွင့်လှစ်သင်ကြားပို့ချနေသော မြိုစာပေ ဆရာဖြစ် သင်တန်းသို့ သင်တန်းသား ရ၅ ဦး တက်ရောက်နေကြောင်း သိရှိရသည်။

မြိုလူမျိုးများသည် ရခိုင်မျိုးနွယ်စုဝင် လူမျိုး တစ်မျိုး ဖြစ်ပြီး လူဦးရေအားဖြင့် သိန်းဂဏန်းခန့်သာရှိကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...