သံတွဲတွင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူလေးဦးအား တွေ့ခွင့်ရရှိရေး မိသားစုဝင်များလိုလား

သံတွဲတွင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူလေးဦးအား တွေ့ခွင့်ရရှိရေး မိသားစုဝင်များလိုလား

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ လေးဦးအား တွေ့ခွင့်မရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က ဆန္ဒပြ၍ဖမ်းဆီးခံခဲ့ရသည့် မမြဝင်း၊ ကိုအောင်ခိုင်မြင့်၊ ကိုရန်ပိုင်ထွေးနှင့် ဦးခင်မောင်တို့ကို သံတွဲမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသော်လည်း မိသားစုဝင်များမှ တွေ့ခွင့်မရရှိကြောင်း ပြောသည်။

ဖမ်းဆီးခံထားရသူ ကိုအောင်ခိုင်မြင့်၏မိခင် ဒေါ်မခင်မာထွေးက “ကျမတို့ကို စခန်းမှာရှိတယ်ဆိုလို့ သွားတွေ့မယ်ဆိုပြီးသွားတော့ ခွေးလိုနွားလို မောင်းထုတ်ခံရတယ်၊ တွေ့ခွင့်မရဘူး။ ကလေးတွေနဲ့ တွေ့ခွင့် ပေးသင့်တယ်၊ တစ်ခြားနေရာက ဖမ်းဆီးခံရသူတွေကိုလဲ တွေ့ခွင့်ပေးသင့်တယ်” ဟု သူကပြောဆိုသည်။

ဦးခင်မောင်မြင့်မှာ ဆန္ဒပြ၍ဖမ်းဆီးခံထားရသူများကိုပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုသည့်အခါ ဖမ်းဆီးခံရလိုက်ရခြင်းဖြစ်ကြောင်း သမီးဖြစ်သူ မချစ်စုလွင်က ပြောသည်။

“ကျွန်မအဖေကဆန္ဒပြတာမှာ ပါမသွားဘူး။ ကလေးတွေသွားတာကို တားဖို့အတွက် နောက်ကလိုက်သွားတာ။ အဲဒီမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်” ဟု မချစ်စုလွင်က ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို ငြိမ်း/စု/စီဥပဒေ၊ ဘေး/စီ/မံဥပဒေတို့ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိထားရကြောင်းလည်း မိသားစုဝင်များကပြောသည်။

ယင်းသို့ အမှုဖွင့်ထားသည့်ကိစ္စအား သိရှိနိုင်ရန် သံတွဲမြို့နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းရန်ကြိုးပမ်း ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ရခိုင်ပြည်နယ်မှ အမ်း၊ မာန်အောင်၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံထားရသူစုစုပေါင်း ၁၉ ဦးအထိရှိကြောင်း မိသားစုဝင်များထံမှသိရသည်။

ဖမ်းဆီးခံရသူများထဲတွင် အမ်းမြို့နယ်မှ (၇)ဦး၊ တောင်ကုတ်မှ (၆)ဦး၊ မာန်အောင်မှ (၂)ဦးနှင့် သံတွဲမှ(၄) ဦး တို့ဖြစ်ကြပြီး ယင်းအထဲမှအချို့ကို သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅ နှင့် ငြိမ်းစုစီ ဥပဒေပုဒ်မ-(၁၉)တို့ဖြင့် သက်ဆိုင်ရာမြို့ရှိ ရဲစခန်းများတွင်အမှုဖွင့်ထားကြောင်းလည်း သိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...