တောင်ကုတ်ဒေသခံတစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

တောင်ကုတ်ဒေသခံတစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံတစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သဘာဝ ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေတို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ဆန္ဒဖော်ထုတ်ရန်လာရောက်သည့် တောင်ကုတ်မြို့နယ်မှ ဒေသခံသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

ယင်းသို့ ဖမ်းဆီးခံရသူသုံးဦးထဲမှ ကိုချစ်မောင်မောင်ဆိုသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(က)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၅ တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က အတည်ပြု ပြောဆိုသည်။

အမှုကို လာမည့် မတ်လ ၂ ရက်နေ့တွင် Zoom application ဖြင့် ပထမအကြိမ် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကိုချစ်မောင်မောင်နှင့်အတူ ဖမ်းဆီးခံရသူ ဦးခင်သက်နှင့် ကိုဇော်ဝင်းအောင်တို့ကို လက်ရှိတွင် တောင်ကုတ် မြို့နယ်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ၎င်းတို့နှစ်ဦးကို ပြန်လည်လွှတ်ပေးမည်ဟု ရဲစခန်းမှပြောဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာမှ ဒေသခံ(၂၀)ဦးခန့်သည် ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့က ဆန္ဒ ဖော်ထုတ်ရန်အတွက် မြို့ပေါ်သို့လာရောက်စဉ် ၎င်းတို့ထဲမှသုံးဦးကို ရဲတပ်ဖွဲ့၏ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုချစ်မောင်မောင်မှာ ယခင်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ကြောင်း ဇနီးဖြစ်သူ မချစ်မိုးခိုင်က ပြောသည်။ ယခု ဖမ်းဆီးခံရသူ ၃ ဦးမှာ တောင်ကုတ်မြို့နယ် NLD ပါတီဝင်များ ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ဖမ်းဆီးအမှုဖွင့်ခံရမှုနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ် NLD ပါတီမှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

တောင်ကုတ်မြို့နယ်မှ NLD ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်တို့မှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဆက်အသွယ်မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

ရခိုင်ပြည်နယ်မှ အမ်း၊ မာန်အောင်၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံထားရသူစုစုပေါင်း ၁၉ ဦးအထိရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် အမ်းမြို့နယ်မှ (၇)ဦး၊ တောင်ကုတ်မှ (၆)ဦး၊ မာန်အောင်မှ (၂)ဦးနှင့် သံတွဲမှ(၄) ဦး တို့ဖြစ်ကြပြီး အမ်းနှင့် မာန်အောင်မြို့နယ်တို့မှ ဒေသခံ ၉ ဦးအား

သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ-၂၅ နှင့် ငြိမ်းစုစီပုဒ်မ-(၁၉)တို့ဖြင့် သက်ဆိုင်ရာမြို့ရှိ ရဲစခန်းများတွင် အမှုဖွင့်ထားသည်။

Photo - ချစ်မောင်မောင် Facebook

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...