မြစ်ကြီးနား ဆန္ဒပြပွဲ ဖြိုခွင်းခံရ၊ သံဃာတစ်ပါးနှင့် လူနှစ်ဦး ဖမ်းဆီးခံရ

မြစ်ကြီးနား ဆန္ဒပြပွဲ ဖြိုခွင်းခံရ၊ သံဃာတစ်ပါးနှင့် လူနှစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြထုတ်ဖော်သည့် ပြည်သူများ ဖြိုခွင်းခံရပြီး၊ သံဃာတော်တစ်ပါးနှင့် ဆန္ဒပြပြည်သူထဲမှ နှစ်ဦး အဖမ်းခံခဲ့ရသည်။

စစ်သားများနှင့် ရဲတပ်ဖွဲ့များက ထိုင်သပိတ်တွင်ပါဝင်နေသူများအားလည်း သေနတ်များဖြင့် ချိန်ပြီးကာ ခြိမ်းခြောက် မောင်းထုတ်ခြင်းများ၊ ဆန္ဒပြပွဲတွင် ပါဝင်သူ လူငယ်နှစ်ဦး၊ မန္တလေးကျောင်းတိုက်မှ သံဃာတော်တစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး သပိတ်စစ်ကြောင်း၏ ကားတစ်စင်း၊ ဆန္ဒပြလူငယ်များ၏ Song Box များလည်း ယနေ့ တွင် သိမ်းသွားသည်ဟု သိရသည်။

“စစ်တပ်ကလူတွေက တဖြည်းဖြည်းရှေ့ကိုပိုပိုတိုးလာတယ်၊ နောက်ကားတွေထဲက ရဲတွေကလည်း အကာတွေ ဘာတွေနဲ့ နေရာချလာတယ်။ တောင့်ခံပြီးဆက်နေဖို့ လုပ်နေကြသေးတယ်၊ အဲ့မှာ ဆန္ဒပြပြည်သူအချင်းချင်း သူတို့နဲ့ ထိပ်တိုက် မရင်ဆိုင်နဲ့ ငါတို့ တခြားသွားရအောင်ဆိုပြီး ရှောင်ကြတယ်။ ဆိုင်ကယ်နဲ့ပြန်တဲ့ လူတွေ ရှိ တယ်။ အဲ့မှာ ကျန်ခဲ့တဲ့ ပြည်သူတွေကို ရဲတွေက လေးခွနဲ့စပစ်တာ။ ပြီးတော့ လမ်းကိုလည်း လုံးဝပိတ်လိုက် တယ်။ တချို့ကိုလည်း ဖမ်းသွားတယ်” ဟု ပြောသည်။

“ဒီနေ့လည်း ကျနော်တို့က ဘာမှမလုပ်ဘူး။ အေးအေးဆေးဆေးပဲ ထိုင်ပြီး ဆန္ဒပြတာဟုတ်တယ်။ ကျနော်တို့ အား လုံး က အဲ့မှာရှိနေတာ။ သေနတ်ကိုလည်း ပြည်သူဘက်ကိုချိန်တာ၊ မိုးပေါ်ချိန်တာလည်း မဟုတ်ဘူးဗျ။ အဲ့ တော့ ပြည်သူတွေက လန့်ကုန်တာပေါ့။ အဲ့နားမှာ အေးဆေးသီချင်းဆိုတဲ့ လူငယ်တွေရှိတယ် သူတို့ရဲ့ Song Box တွေ လည်း အကုန်သိမ်းသွားတယ်။ တချို့လည်း ပြေးကုန်တယ်။ မပြေးပဲ ကျန်ခဲ့တဲ့လူတွေကိုလည်း လေးခွနဲ့ပစ်တယ်။ အဲ့မှာ ဆန္ဒပြပြည်သူတွေ ဖြိုခွင်းခံလိုက်ရတာပဲ။”

မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက်ရှိ မန္တလေးကျောင်းတိုက်က သံဃာတော် ဦးပညာဝံသ ကိုလည်း စစ်သား များ က ၎င်း၏ ကျောင်းတိုက်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု “ဘုန်းဘုန်းကိုတော့ သူ့ရဲ့ကျောင်း တိုက်ကနေလာခေါ်သွားတယ်။ ကားလည်း သိမ်းသွားတယ်။ စစ်သားတွေက ဒီ မန္တလေး ကျောင်းတိုက်ထဲဝင်ပြီး လာဖမ်းသွားတာလို့ ကျနော်တို့ သိထားတယ်။” မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် မြစ်ကြီးနားမြို့ ရှိ အထက (၁) စာသင်ကျောင်းရှေ့ ရှိ ထိုင်သပိတ်ဆန္ဒထုတ်ဖော် နေကြသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများက အင်အားသုံးကာ ဖြိုခွင်းခံခဲ့ရသည်ဟု ဆန္ဒပြလူငယ် တစ်ဦးကလည်း ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေကို ရှင်းပြသည်။

“ကျမတို့က ဆန္ဒပြဖို့အတွက် ကျောက်စိမ်းအဝိုင်းပတ်မှာ လူစုနေတုန်း ဒရုန်းက အရင်လာခဲ့တယ်။ အဲ့ဒီမှာ Generation Y တွေ We Want Democracy ဆိုတဲ့စာသားကို ရေးနေကြတာ။ အဲ့အချိန်မှာ စစ်တပ်ကားတွေ အ များကြီးလာခဲ့တယ်။ ရဲကားနှစ်စီး၊ အဲ့နောက်မှာက စစ်တပ်က ကားတွေ ရောက်လာတယ်။ ထ ၁ ရှေ့မှာရပ် နေတော့ ပြည်သူတွေက ဝိုင်းအော်ကြတယ်၊ အဲ့မှာ ဒရုန်းနဲ့ ဓါတ်ပုံတွေဘာတွေလည်း ရိုက်တယ်။ အဲ့ဒါရိုက်ပြီး တာနဲ့ မီးပွိုင့်ဘက်ကို ပြန်သွားလိုက်တယ်။ အဲ့မှာ ဆန္ဒပြတဲ့အထဲကပဲ သူတို့က ဘဏ်အခြေအနေကို လာကြည့် တာတဲ့ ဆိုပြီးပြောတယ်။ အဲ့မှာ အားလုံးကလည်း ဆက်ပြီး လုပ်စရာရှိတာလုပ်ကြတယ် ဆန္ဒထုတ်ဖော်ဖို့ အတွက်။ နောက်ထပ် ၁၅ မိနစ်လောက်ကြတာတော့ ဒရုန်းပြန်လာတယ်၊ ပြီးတာနဲ့ စစ်တပ်ကားတွေထပ် ရောက်လာတယ်။ နောက်တော့ စစ်သားတွေပြေးဆင်းလာတယ်၊ ဒီမှာမနေကြနဲ့ဆိုပြီး အကုန်လုံးကို လိုက် မောင်းထုတ်တယ်။”

မြစ်ကြီးနားမြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုလ ၈ ရက်နေ့မှ စတင်ကာ ၁၈ ရက်နေ့အထိ စစ် အာ ဏာရှင်ဆန့်ကျင်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်များ လွှတ်ပေးရေး၊ ဝန်ထမ်းများ CDM တွင် ပါဝင်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးရေး လူငယ်များ၊ ဝန်ထမ်းများ နှင့် ဒေသခံ ပြည်သူ သောင်းနှင့်ချီက ဆန္ဒထုတ်ဖော် တောင်းဆိုနေကြသည်။

Most read this week

April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...
ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...