ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုရှိလာကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များပြော

ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုရှိလာကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များပြော

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ တပ်မတော်ကအာဏာသိမ်းယူမှုဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်သို့ ပြည်ပမှတင်သွင်းနေသည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စီးဆင်းမှု နှောင်းနှေးလျက် ရှိကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ပြည်ပဖက်မှ ကုန်စည်များမရောက်ရှိနိုင်သဖြင့် ရခိုင်ပြည်နယ်တွင် ကုန်ပစ္စည်းအလိုက် ဈေးနှုန်းတက်နေကြောင်း ရခိုင်စီးပွားရေးဦးဆောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်(REIC)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ဆိုသည်။

“ရခိုင်ပြည်နယ်မှာ ကုန်ဈေးနှုန်းအခြေအနေကျတော့ နဂိုကတည်းကအလားအလာမကောင်းတာရယ်၊ အခု အချိန်ခါလည်း CDM လှုပ်ရှားမှုတွေရှိနေတဲ့အခါ ကုန်စည်စီးဆင်းမှုနှေးသွားတယ်။ ကုန်ပစ္စည်းအစုံကို ခြုံပြီးပြောရင် ပြည်ပဖက်ကလာတဲ့တချို့ကုန်ပစ္စည်းကဈေးနှုန်း ၂၀ ရာခိုင်နှုန်းလောက် တက်သွားတာ ရှိတယ်။ တချို့မှာ ၃၀ ရာခိုင်နှုန်းလောက် တက်သွားတာရှိတယ်။ တချို့မှာဆိုလည်း ၅၀ ရာခိုင်နှုန်းလောက် တက်သွားတယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ရေရှည်ဖြစ်မည်ဆိုက စားသုံးသူများအခက်အခဲမဖြစ်စေရန် ရခိုင်ပြည်နယ်ကုန်သည်ကြီးများအသင်း အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ဦးခင်မောင်ကြီးက တိုက်တွန်းသည်။

ကုန်ဈေးနှုန်းများ ပြတ်တောက်လာခြင်း၊ ယခုထက် ဈေးပိုတက်လာခြင်းများရှိပါက အခက်အခဲမဖြစ်စေရန် တခြားပြည်ပကုန်သည်များနှင့် ချိတ်ဆက်ထားကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“ဝုန်းဒိုင်းကြီး ဒီထက်ဈေးပိုတက်လာမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်ကုန်သည်များအသင်းအနေနဲ့ တစုံတခု လုပ်ဖို့ဆိုပြီးတော့စီစဉ်ထားပါတယ်။ လက်ရှိမှာ ကုန်ဈေးနှုန်းကလည်းများများစားစားတက်လာနိုင်တဲ့ အခြေ အနေမဟုတ်သေးဘူး။ ပြည်မဖက်မှာ ဒီထက်ပိုပြီးဆန္ဒပြတာတွေလုပ်လာရင်တော့ ဒီဖက်မှာကုန်ပစ္စည်းတွေ ပြတ်တောက်နိုင်တယ်” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့မဈေးမှ ကုန်သည်ဦးဦးကျော်လင်းက လတ်တလောတွင် ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ကုန်ပစ္စည်း လိုသလောက်မရနိုင်ခြင်းများရှိလာနေကြောင်း ပြောသည်။

“ကြက်သွန်တွေဆိုရင်လည်း အရင်လိုလိုသလောက်မရတော့ဘူး။ နောက်တခြားကုန်ပစ္စည်းတွေလည်း ရှာမရ တာတွေဖြစ်ပါတယ်။ အဲ့မှာတစ်ခါ လမ်းခရီးမှာ ကြန့်ကြာတာရယ်ဖြစ်ပါတယ်။ ငရုတ်သီးအစပေါ့နော် ဈေးနှုန်း တစ်နေ့ထက်တစ်နေ့ပိုပိုတက်လာပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ရခိုင်ပြည်နယ်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းများ၊ ဆေးဝါးများမှာ ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...