တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် ဖမ်းဆီးထိန်းသိမ်းခံရ

တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် ဖမ်းဆီးထိန်းသိမ်းခံရ

ကိုကိုတိုး — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဖြစ်သူ ဦးတင်သိန်းအောင်အား ယနေ့ ညနေ ၅ နာရီကျော်ခန့်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေါ်ချစ်ချစ်ချောက အတည်ပြု ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များက နေအိမ်ကနေ ခေါ်ယူသွားကြောင်း၊ မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကို မသိရှိရသေးကြောင်း၊ မိသားစုများ စိုးရိမ်နေကြောင်း သူမက ဆက်လက်ပြောကြားသည်။

တောင်ကုတ်မြို့နယ်မှူးသို့  ယနေ့ ည ၇ နာရီ မိနစ် ၂၀ က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း တောင်ကုတ်မြို့မှ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် နှင့် NLD ဝန်းရံသူ ကိုသန့်ဇင်ဖြိုးတို့ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...