မြဝတီ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသောင်းနှင့်ချီဆန္ဒပြ၊ ကျန်းမာရေးဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းတစ်ချို့ ပူးပေါင်းပါဝင်လာ

မြဝတီ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသောင်းနှင့်ချီဆန္ဒပြ၊ ကျန်းမာရေးဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းတစ်ချို့ ပူးပေါင်းပါဝင်လာ

ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဒုတိယရက်ဆန္ဒပြပွဲတွင် ပြည်သူလူထုအင်အား သောင်းနှင့်ချီပါဝင်လာပြီး ထိုထဲတွင် မြဝတီခရိုင်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း တစ်ချို့လည်း ပူးပေါင်းပါဝင်လာကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၉ နာရီ အချိန်ခန့်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒုတိယရက်အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ထောင်ဂဏန်းမျှရှိသည့် လူထုဟာ ဘုရင့်နောင်လမ်းမကြီး နှင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်ချီတက်ဆန္ဒပြခဲ့ရာမှ နံနက် ၁၁ နာရီအချိန်ခန့်တွင် ပိုမိုများပြားလာပြီး သောင်းနှင့်ချီ၍ ရှိလာကာ ထိုထဲတွင် ကျန်းမာရေးဝန်ထမ်းများနှင် ပညာရေးဝန်ထမ်းတစ်ချို့ ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လည်ပိုင်းက သေနတ်ပစ်ဖောက်အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးမှုများ ရှိခဲ့ပြီးနောက် မြဝတီလူထုသည် ပိုမို၍ တက်ကြွလာကြပြီး ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဒုတိယရက်တွင် မိုးရွာနေသည့်ကြားမှ  လူဦးရေ သောင်းနှင့်ချီ၍ ပါဝင်လာကြခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ မြဝတီမြို့မှ ဆန္ဒပြလူစုသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ နှင့် ရှစ်လေးလုံးအရေးတော်ပုံတွင် သီဆိုခဲ့ကြသည့် ကမ္ဘာမကြေဘူး ၊ အရေးကြီးပြီ အစရှိသည့် သီချင်းများ သီဆို၍ ဘုရင့်နောင်လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းတလျှောက် ဆန္ဒပြလျက်ရှိကြသလို ထိုသို့ အလားတူပင် ကရင်ပြည်နယ် ဖားအံမြို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...