အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေး ခေတ္တ ရပ်ဆိုင်း

အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေး ခေတ္တ ရပ်ဆိုင်း
by -
ခိုနူမ်းထုန်
အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဇိုခွါထာ(အိန္ဒိယဘက်ခြမ်း) တွင် ကုန်တင်ကုန်ကျလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေကြသည့် အဖွဲ့အစည်း ၂ ခုအကြား အငြင်းပွားမှုပြသာနာကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် တရားသူကြီးက နယ်စပ်ဖြတ်ကျော်ပြီး ကုန်သွယ်ရေးလုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ဆိုင်းရန် ၁၈ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်သည်ဟုသိရသည်။

အဆိုပါအမိန့်အရ ဇိုခေါထာမှတဆင့် နှစ်နိုင်ငံကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ ကုန်တင်ကုန်ချ လုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေးနှင့်စပ်လျဉ်းသည့် မည်သည့်ကုန်သွယ်ရေးလုပ်ငန်းမဆို မီဇိုရမ်အစိုးရဘက်က ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသော နှစ်နိုင်ငံကုန်သည်ကြီး များကိုလည်း အသိပေးအကြောင်းကြားထားပြီး၊ ယခုအမိန့်သည် တစုံတရာအပြောင်းအလဲမရှိပါက ၁ လ ကြာ အသက်ဝင်မည်ဖြစ်သည်ဟု ကျန်ဖိုင်းခရိုင်တာဝန်ရှိသူများထံမှသိရသည်။

အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ကုန်တင်ကုန်ချလုပ်ငန်း ကို ဦးဆောင် လုပ်ကိုင်ရန် ဇိုခေါထာကျေးရွာ(အိန္ဒိယဘက်ခြမ်း)မှ အဖွဲ့ ၂ ဖွဲ့အကြား အငြင်းပွားမှုပြသာ နာပေါ်ပေါက်လာသည့်အတွက် အလွယ်တကူ ပြသာနာဖြေရှင်းနိုင်မည့် အလားအလာမရှိ သည့်အပြင် အငြင်းပွားမှုပိုမိုကြီးထွားလမလာနိုင်စေရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုကဲ့သို့ နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ မီဇိုရမ်အစိုးရဘက်မှ အမိန့်ထုတ်ပြန်ပြီး ကုန်သွယ်ရေးရပ်ဆိုင်းမှုကြောင့် ကုန်တင် ကုန်ကျလုပ်ငန်းများ လုပ်ကိုင်နေကြသော မြန်မာဘက်ခြမ်းမှအလုပ်သမားများလည်း အခက်ကြံုနေကြရ သည်ဟု ရိခေါဒါရ်မြိ့ တီအိုချောင်းဒေသခံတစ်ဦးကပြောသည်။

“ဒီမှာက ကူလီထမ်းတဲ့ အလုပ်သမားတွေများတယ်လေ၊ ဒီဘက်ကနေ ဟိုဘက်ကမ်းကို ကုန်ပစ္စည်း တွေထမ်းပို့ပြီး ၀မ်းစာရှာနေကြတာလေ၊ ဟိုဘက်ခြမ်းက ပိတ်လိုက်တော့ ကုန်ပစ္စည်း အဝင်အထွက်မရှိတော့ သူတို့တွေ အတွက် အလုပ်မရှိတော့ဘူးလေ’’ ဟု ဒေသခံကပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအခြေစိုက်ရာ ဇိုခေါထာကျေးရွာတွင်ကုန်တင်ကုန်ချလုပ်ငန်း နှင့်ပတ်သတ်ပြီး ဒေသခံ အဖွဲ့အစည်း များအကြား အငြင်းပွားမှုမကြာခဏဖြစ်ပွားလေ့ရှိ ယခုကဲ့သို့ ပြည်နယ်အစိုးရမှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းလေ့ရှိသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...