Fever Clinic တွင် ရိုးရိုးအနံ့ပျောက်လူနာများကို RDT-Test Kit စစ်ဆေးနိုင်တော့မည်မဟုတ်

Fever Clinic တွင် ရိုးရိုးအနံ့ပျောက်လူနာများကို RDT-Test Kit စစ်ဆေးနိုင်တော့မည်မဟုတ်

ဗညားပိုင် — မော်လမြိုင် Fever Clinic တွင် RDT-Test Kit လုံလောက်မှုမရှိသဖြင့် ရိုးရိုးအနံ့ပျောက် သာမန်လူနာများကို စစ်ဆေးနိုင်မည်မဟုတ်ဟု မော်လမြိုင် Fever Clinic ၌ တာဝန်ခံ ဒေါက်တာသက်ကျော်စိုးက ပြောသည်။

“ကျနော်တို့ဆီမှာ စစ်တဲ့ RDT-Test Kit တွေမရှိတော့ဘူး၊ အသက်အန္တရာယ် သိပ်မရှိတဲ့သူ၊ စိတ်မပူရတဲ့သူတွေကိုတော့ ကျနော်တို့မှာ စစ်ခွင့်မရှိတော့ဘူး၊ ရောဂါအခံရှိတဲ့လူနာ အသက်ရှုကြပ်တဲ့လူနာ လာတော့မှပဲ ကျနော်တို့ စစ်ခွင့်ရှိတော့တဲ့အနေအထား ဖြစ်သွားတာပေါ့၊ ပြီးတော့ အရင်လိုမျိုး ရိုးရိုးအနံ့ပျောက်တာတို့ လူငယ်လူရွယ်တို့ဆို ကျနော်တို့ သူတို့ကို အကျိုးအကြောင်းပြောပြပြီးတော့ သောက်ဆေးပေးပြီး အိမ်မှာပဲ သီးခြားခွဲပြီးတော့ Home Quarantine ပေးနေခိုင်းနေရတယ်” ဟု ဒေါက်တာသက်ကျော်စိုးက ဆိုသည်။

Test Kit လုံလောက်မှုမရှိသည့်အတွက် လတ်တလောအခြေအနေတွင် အထက်ကညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ဆောင်နေရပြီး မကြာခင်တွင်လည်း ဆေးခန်းရပ်နားဖို့အစီအစဉ်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

မော်လမြိုင် ကျိုက်ဖနဲလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းရွှေက “မြို့ပေါ်မှာရှိတဲ့ ဝေဒနာရှင်တွေ ဒုက္ခရောက်နိုင်တယ် ပြီးတော့ တစ်မြို့လုံးအတိုင်းအတာနဲ့ဆိုရင် ရောဂါပြန့်ပွားဖို့ရှိနိုင်တာပေါ့၊ ပြီးတော့ ဆရာ၊ ဆရာမတွေက အခုအခြေအနေ(နိုင်ငံရေး)ကို မလိုလားတဲ့အတွက် လောလောဆယ်တော့ လုပ်ငန်းရပ်နားသွားမလားတော့ မပြောနိုင်ဘူး” ဟု ဆိုသည်။

မွန်ပြည်နယ်တွင် ယမန်နှစ် ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်မှ ယမန်နေ့ဖေဖော်ဝါရီလ ၃ ရက်နေ့ထိ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၃၆၆၃ ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ ၃၂၅၇  ဦး စုစုပေါင်းသေဆုံးသူဦးရေ  ၄၅ ဦးရှိခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာတစ်နိုင်ငံတဝန်း၌ ဖေဖော်ဝါရီလ ၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၀,၉၂၇ ဦးရှိပြီး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၂၆,၃၈၄ ဦး၊ သေဆုံးသူဦးရေ ၃,၁၆၀ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေ့စဉ်ပိုးတွေ့လူနာအရေအတွက် ၅၀၀ အောက်သို့ ကျဆင်းလာသည်။

သို့ရာတွင် မော်လမြိုင် Fever Clinic ဆေးခန်စဖွင့်ချိန်မှစ၍ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ထိ RDT-Test Kit ဖြင့် ကိုဗစ် Positive စမ်းသပ်တွေ့ရှိသူ တစ်နေ့လျှင်ပျမ်းမျှ ၁၅ ဦးမှ ၂၀ ဦးအကြားရှိပြီး ၃ လအတွင်း Positive ရောဂါပိုးတွေ့လူနာ စုစုပေါင်း (၁၀၀၀) ကျော် တွေ့ရှိခဲ့သည်။

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...