မူးယစ်တရားခံများကို ငွေဖြင့် ပြန်မလွှတ်ဘဲ အရေးယူရန် ရေးဒေသခံများ တောင်းဆို

မူးယစ်တရားခံများကို ငွေဖြင့် ပြန်မလွှတ်ဘဲ အရေးယူရန် ရေးဒေသခံများ တောင်းဆို

မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူများကို ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ခွင့် မပြုဘဲ ထိရောက်စွာ အရေးယူပေးရန် ဒေသခံများက တောင်းဆိုနေကြ သည်။

ရေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စစ်အုပ်စုတပ်ဖွဲ့များ က ဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း ငွေကြေးအမြောက်အမြား ပေးဆောင်ကာ ရက်ပိုင်းအတွင်း ပြန်လည် လွှတ်ပေးလေ့ ရှိသည်။

ထိုသို့ ငွေဖြင့် ပြန်လည်ရွေးထုတ်နိုင်ခြင်းကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပိုမိုဆိုးရွားလာပြီး ကွင်း ဆက်များကို အမြစ်ပြတ်အောင် မနှိမ်နင်းနိုင်ဘဲ ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

ရေးဒေသခံ အမျိုးသားတစ်ဦးက “သောက်တဲ့သူရော ရောင်းတဲ့သူရော ဖမ်းတာတော့ ဖမ်းတာပဲ။ ဒါပေမဲ့ ငွေနဲ့ ပြန်ရွေးလာတော့ ခဏလေးနဲ့ ပြန်လွှတ်လာကြတာ။ အဲလိုမျိုး ဖြစ်နေတော့ ဖမ်းလည်း ခဏပဲ၊ အပြင်ပြန် ရောက်ရင် ပိုပြီးတော့တောင် ရဲရဲတင်းတင်း လုပ်လာကြတယ်။ အဲ့ကြောင့်မို့လို့ အခုလို လွယ်လွယ်လေးနဲ့ ပြန် မလွှတ်စေချင်ဘူး” ဟု ပြောသည်။

ထို့ကြောင့် ငွေကြေးဖြင့် လာဘ်ပေးလာဘ်ယူ ပူးပေါင်းပါဝင်ကာ ပြန်လွှတ်ပေးခြင်း မပြုလုပ်ကြရန်နှင့် ဖမ်းဆီး ရမိသူများကို ဥပဒေအရ ပြတ်ပြတ်သားသား အပြစ်ဒဏ် ချမှတ်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ရေးမြို့ပေါ်၌ မူးယစ်ဆေးဝါးများကို ဗြောင်ကျကျ ရောင်းဝယ်ဖောက်ကားနေကြပြီး သုံးစွဲသူ ပေါများလာသဖြင့် မြို့ပေါ်နေ ဒေသခံများမှာ ခိုးဆိုးလုယက်မှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။

“အခုဆို နေ့ခင်း အပြင်ထွက်သွားလာတာ ကြောက်နေရတယ်။ ညဘက်ဆိုလည်း အိမ်သုံးပစ္စည်း သေးသေး လေးက အစ အခိုးခံနေရတယ်၊ သူခိုးက ကြမ်းလာမမေးနဲ့၊ စစ်သားတွေလည်း ကြောက်ရ၊ ဆေးသမားတွေ ကိုလည်း ကြောက်နေရတယ်၊ လုံခြုံမှုလည်း မရှိတော့ဘူး” ဟု ရေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ အပါအဝင် မွန်လူမှုအဖွဲ့အစည်းများအနေဖြင့် ရပ်ရွာအတွင်းရှိ လူငယ်များကို မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်လည်း လိုလားနေကြသည်။

မူးယစ်ဆေးဝါးများ လွယ်ကူစွာ ရရှိနေသည့်အပြင် ဈေးနှုန်း ချိုသာစွာ ဝယ်ယူရရှိနိုင်သဖြင့် အသက်မပြည့်သေး သည့် ကလေးများနှင့် ကျောင်းသားလူငယ်များကြား ပြန့်ပွားမှု မြန်ဆန်နေပြီး ဒေသတွင်းရှိ အနာဂတ် လူငယ်များ ၏ ဘဝ ပျက်စီးမည့်အရေးကို မိဘပြည်သူများက အထူးစိုးရိမ်ပူပန်လျက် ရှိသည်။

Most read this week

ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...
September 15, 2026
မွန်ပြည်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်အုပ်စုတပ်က ပေါ်တာဆွဲမည်ကို စိုးရိမ်နေရသဖြင့်...
September 14, 2026
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့်...