သြစတြေးလျားရောက်မြန်မာများ စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုဆက်တိုက်ပြုလုပ်

သြစတြေးလျားရောက်မြန်မာများ စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုဆက်တိုက်ပြုလုပ်

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် စစ်အာဏာသိမ်းမှုအပေါ် သြစတြေးလျား နိုင်ငံရောက် မြန်မာနိုင်ငံ သားများမှ ယနေ့ (ဖေဖော်ဝါရီ ၃ ရက်) သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီ(Sydney) မြို့တွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒဖော်ထုတ်ပွဲတစ်ခု ထပ်မံပြုလုပ်ကျင်းပခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့ ဖြစ်ပေါ်ခဲ့သည့် စစ်အာဏာသိမ်းမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည့် အ နေဖြင့် ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများသည် ဆစ်ဒနီ(Sydney) မြို့ရှိ Martin Place တွင် စုရုံးခဲ့ကြပြီး မြို့တော်ခန်းမရှိရာသို့ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှု၌ စစ်တပ်၏ အာဏာသိမ်းယူမှုအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း၊ ရွေးကောက်ခံ NLD အစိုးရကိုသာ လက်ခံပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလက်ခံသွားရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးသမားများအားလုံးကို ချက်ချင်း လွှတ်ပေးရန်ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ခိုင်မာစွာ လက်ချင်းတွဲပြီး သြစတြေးလျားအစိုးရအပါအဝင် နိုင်ငံတကာ အသိုင်း အဝိုင်းမှ စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှုကို လူသိရှင်ကြား ရှုတ်ချရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလွယ်ကူးချောမွေ့စေရေးအတွက် ဝိုင်းဝန်းကူညီပေးရန်ကိုလည်းပဲ တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

ထို့အတူ မြန်မာ့တပ်မတော် အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် ယမန်နေ့ကလည်း ကရင်တိုင်းရင်းသားများအပါအဝင် သြစတြေးလျားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် သြစတြေး လျားနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ် ပါလီမန်ရှေ့တွင် ဆန္ဒထုတ်မှုပြုလုပ်ခဲ့သည်။

သြစတြေးလျား နိုင်ငံရောက် မြန်မာနိုင်ငံသားများဖြင့် စုဖွဲ့ထားသည့် (Joint Action Committee for Democracy in Burma-JACBD) အဖွဲ့မှလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် စစ်တပ်၏ အာဏာသိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချခဲ့ပြီး နိုင်ငံတကာ၏ ကြားဝင်ဆောင်ရွက်မှုနှင့် ICJ၊ ICC တို့မှ လက် တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် သဘောထားထုတ်ပြန် တိုက်တွန်းခဲ့သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...