ကော်သူးလေဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများ အမေရိကန်လွှတ်တော်သို့ တင်ပြ

ကော်သူးလေဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများ အမေရိကန်လွှတ်တော်သို့ တင်ပြ

ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ များကို ကမ္ဘာက အလေးထားနိုင်ရန် ရည်ရွယ်ကာ အမေရိကန်ရှိ ကရင်လူငယ်များသည် ဝါရှင်တန်ဒီစီရှိ အမေရိ ကန်လွှတ်တော် (U.S. Congress) သို့ သွားရောက်တင်ပြခဲ့ကြသည်။

အမေရိကန်လွှတ်တော်ရှိ လွှတ်တော်အမတ်များနှင့် ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ဆုံပြီး တင်ပြခဲ့ကြခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံအတွင်း နေထိုင်ကြသည့် တက်ကြွလှုပ်ရှားသူ ကရင်လူငယ် ၃၄ ဦးသည် ပညာရေးနှင့် စည်းရုံး လှုံ့ဆော်ရေးခရီးစဉ်အဖြစ် အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်များ၊ လွှတ်တော်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ကော်သူးလေ (ကရင်ပြည်) အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ လက်ရှိအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြခဲ့ကြခြင်း ဖြစ်သည်။

အမေရိကန်ကရင်အဖွဲ့အစည်း (AKO) မှ ဦးဆောင်သူ စောအဲနေသောက “ကျနော်တို့က ငြိမ်းချမ်းတဲ့နေရာမှာ နေ၊ သွားတင်ပြပြီးရင် ကောင်းကောင်း ပြန်အိပ်ရတယ်။ ဒါပေမဲ့ ကော်သူးလေမှာရှိတဲ့ ကျနော်တို့ပြည်သူက တိုက်ပွဲကြားမှာ အကြောက်တရားနဲ့နေထိုင်ရတယ်။ ဒါကြောင့် သူတို့အတွက်ကို သွားပြီးပြောပေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်လူငယ်များ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီလိုအပ်ချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု အခြေအနေများနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး အပါအဝင် ကဏ္ဍပေါင်းစုံကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အမေရိကန်အစိုးရ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများ ရှိခဲ့ခြင်း၊ စစ်အာဏာရှင် ကျရှုံးရေးအတွက် လေယာဉ်ဆီနှင့် ဘဏ်လုပ်ငန်းများကို ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက် ခဲ့ခြင်းတို့အတွက်လည်း ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု စောအဲနေသောက ဆိုသည်။

အဆိုပါခရီးစဉ်ကို အမေရိကန်ရှိ California Karen Youth Connection၊ US Campaign For Burma နှင့် Karen Organization of America တို့က ဦးဆောင်ကျင်းပခဲ့ပြီး ပြည်နယ် ၉ ခုရှိ ကရင်လူငယ်များ ကိုယ်စားပြု ပါဝင်ခဲ့ကြသည်။

အလားတူ လူငယ်များ ခရီးစဉ်တွင် လိုက်ပါတက်ရောက်ကြခြင်းသည် အမေရိကန်ရှိ ကရင်လူငယ်များ ဦးဆောင် ဦးရွက်ပြုတတ်ရန်နှင့် ကရင်လူထုအတွက် အများရှေ့တွင် စနစ်တကျ ကိုယ်စားပြုပြောဆိုတတ်ရန် ရည်ရွယ် ခြင်း ဖြစ်ကြောင်း ဦးဆောင်သူများက ရှင်းပြသည်။

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...