ကရင်ပြည်နယ်ရှိ ကျန်မာရေးဝန်ထမ်းများ တာဝန်မှု လုပ်ကိုင်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

ကရင်ပြည်နယ်ရှိ ကျန်မာရေးဝန်ထမ်းများ တာဝန်မှု လုပ်ကိုင်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

စစ်အစိုးရလက်အောက်တွင် အလုပ်တာဝန်များ ဆက်လက်လုပ်ကိုင်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ပြီး Civil disobedience campaign ကို ယနေ့ညနေ ၄ နာရီအချိန်တွင် စတင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းများက သဘောထားထုတ်ပြန်ကြသည်။

ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ထားသော အစိုးရအဖွဲ့နှင့် ပြည်သူ့ ကိုယ်စားလှယ်များကို စစ်အုပ်စုများမှ ဖမ်းဆီးထိန်းသိမ်းထားကာ နိုင်ငံတော်၏ အာဏာသုံးရပ်ကိုလည်း သိမ်းယူထားပြီး ပြည်သူ့ ဆန္ဒနှင့် ဆန့်ကျင်လျက် ဖွဲ့စည်းထား သည့်အပေါ် ကျန်းမာရေးဝန်ထမ်းများ တခဲနက်ဆန့်ကျင် ဆန္ဒပြပြီး အားလုံးပူးပေါင်းပါဝင် ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းတို့၏ ဆန္ဒသဘောထား ထုတ်ပြန်သည့်အပေါ် မိမိတို့ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် Civil disobedience ဖော်ဆောင်နေသော လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများနှင့်အတူ ရပ်တည်မည်ဟု လူမှုကွန်ရက်ပေါ်တွင် ကျန်းမာရေးဝန်ထမ်းများက ဆန္ဒသဘောထား ရေးသားခဲ့သည်။

“ထုတ်ပြန်ချက်အပေါ်မှာ ကျနော်တို့အားလုံး တစ်သားထဲပါပဲ။ နက်ဖြန်အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒသဘောထား ထုတ်ဖော်သွားမှာပါ။ ဥပဒေအရ ရွေးကောက်ခံကိုယ်စား လှယ်တွေကို ထောက်ခံတယ်။ လိုလားတယ်။ ကျန်တဲ့နိုင်ငံအရေးရာတွေကို ဥပဒေအရ လွှတ်တော်မှာ ဆွေးနွေးကြပေါ့လေးနော်”ဟု အမည်မဖော်လိုသည့် ကရင်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မြန်မာ့တပ်မတော်မှ နိုင်ငံတော် အာဏာသိမ်းလိုက်သည့်အပေါ် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းများ ဆန့်ကျင်သည့်အနေဖြင့် အသီးသီး သဘောထားထုတ်ပြန်ကြပြီး ၎င်းတို့ဆန္ဒသဘောထားထုတ်ပြန်ချက်အပေါ် အလွှာအသီးသီးမှ လူထုအများ ထောက်ခံ သည့်အနေဖြင့် လူမှုကွန်ရက်ပေါ်တွင် အမြင်သဘောထားများ ရေးသားတင်ပြမှုများလည်း ရှိကြောင်း သိရသည်။

July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည်...
ဓါတ်ပုံ - KNU (ပုံဟောင်း)
July 27, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယခုမိုးရာသီကာလ၌ ငှက်ဖျားရောဂါ...
July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...