ချင်းအမျိူးသားနေ့နှင့် ဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲ တပြိုင်တည်းကျင်းပမည်

ချင်းအမျိူးသားနေ့နှင့် ဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲ တပြိုင်တည်းကျင်းပမည်

လားနွန် - ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းနားကို ဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲနှင့်အတူ ဖလမ်းမြို့တွင်တပြိုင်တည်းကျင်းပပြုလုပ်ကြမည်ဟု သိရသည်။

ကိုဗစ်ကာလဖြစ်နေသည့်အတွက် ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ချင်းအမျိူးသားနေ့ပွဲ တော်ကို ဖလမ်းမြို့ဆူရ်ဘုန်လေယာဉ်ကွင်းတွင် လေဆိပ်ဖွင့်ပွဲနှင့်အတူ အကျဉ်းရုံးကျင်းပကြမည်ဟု ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

“ဖလမ်းဆူရ်ဘုန်လေယာဉ်ကွင်းမှာကျင်းပမယ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်တဲ့ စည်းကမ်းနဲ့အညီ  ကျနော်တို့ကျင်းပမယ်၊ လေယာဉ်ကွင်းဖွင့်ပွဲလည်းလုပ်မယ် ချင်းအမျိုးသားနေ့ကိုလည်းကျင်းပမယ် အကျဉ်းချုပ်ပြီး တော့လုပ်မယ်” ဟု ဝန်ကြီးဦးရွှေထီးအိုကပြောသည်။

ချင်းအမျိူးသားနေ့နှင့် ဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်အကြီးအကဲများကိုလည်း ဖိတ်ကြားသွားမည်ဟု ဝန်ကြီးကဆက်ပြောသည်။

ချင်းလူမျိူးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိူးသားနေ့ကို ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အဆင့်အနေဖြင့် နှစ်စဉ်စဉ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် ကိုဗစ်ကာ လကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စည်းကမ်းသတ်မှတ်ချက်နှင့်အညီ အကျဉ်းရုံးသဘောသာကျင်းပကြ မည်ဖြစ်သည်။

ပြီးခဲ့သည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်ဆင့် အနေဖြင့် ကျင်းပခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ချီး မြင့်ခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၆၀၀၀) တွင်တည်ရှိသော ဆူရ်ဘုန်ဆိပ်သည် ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ဖွင့်ပွဲပြုလုပ်ရန်ကြန့်ကြာနေခြင်းဖြစ်ပြီး (၇၃) နှစ်မြောက် ချင်းအမျိူးသားနေ့တွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...